Chapter ( 31 )

877 74 2
                                    

Unicode

တစ်ယောက်တည်း ပြန်လည်အိပ်စက်ခြင်း

၁၂နာရီထိုးပြီး ၁၀မိနစ်လွန်လာတဲ့အခါ ဆရာက ကျူရှင်ဆင်းလို့ရပြီးဖြစ်ကြောင်း ကျောင်းသားတွေကို ပြောလိုက်သည်။ သူတို့က ဆယ်တန်းကျောင်းသားတွေဖြစ်နေတဲ့အတွက် စာအုပ်သုံးလေးအုပ်နဲ့ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ​ထောက်ချွန်တွေအထိ ထုတ်သုံးရတာကြောင့် သိမ်းဆည်းရချိန်မှာ မိနစ်ပိုင်းလောက်ကြာတတ်သည်။ ဒါမဲ့ လ​ရောင်တစ်ယောက်က​တော့ ဆင်းပြီဆိုတဲ့ စကားဆုံးလိုက်ကတည်းက ချက်ချင်းထကာ ပြန်သွားတော့သည်။ ဘာလို့ဆို သူက ၁၂နာရီထိုးကတည်းက ကြိုတင်သိမ်းဆည်းနေခဲ့ပြီ ဖြစ်တာကြောင့်သာ။

အိမ်သို့ပြန်နေပါသော လရောင့်ခြေလှမ်းတွေက အမြဲလျင်မြန်ဖြတ်လတ်နေသည်။ သူ့ကိုစောင့်မျှော်နေတဲ့ သူကို တွေးမိတဲ့အခါ သူ့မျက်နှာထက် နူးညံ့ပါသော အပြုံးတွေက ပေါ်လာတော့သည်။

ဒါမဲ့ အပြန်လမ်းမှာ တွေ့တဲ့လူတွေနဲ့ နှုတ်ဆက်ရင်း သူတို့ပြောလာသော စကားတွေကြောင့် သူဆက်ပြီးပြုံးဖို့ပင် အားမရှိတော့။ "မြို့ကရောက်လာတဲ့ ကောင်လေးက အခြောက်တဲ့။ မင်းသူနဲ့ ဆက်မပေါင်းနဲ့နော်" ဆိုတဲ့ စကားတွေကို လူတိုင်းဆီကနေ သူကြားနေရသည်။ လူတိုင်းက ဒီအကြောင်းကိုပဲ ပြောလာကြပုံမှာ ဒီအကြောင်း ဘယ်လောက်ကြီးနေပြီလဲဆိုတာကို လရောင်သိလိုက်သည်။

အမြန်နှုန်းလေးနဲ့ လမ်းလျောက်နေသော လရောင့်ခြေထောက်တွေမှာ ပိုပြီးတောင် မြန်ဆန်လာပြီး အပြေးတစ်ပိုင်းဖြစ်လာတော့သည်။ အန်တီသွယ်တို့ခြံရှေ့ထိ ရောက်လာမှ သူ့ခြေလှမ်းတွေက နှေးသွားပြီးနောက် တခဏရပ်လိုက်ပြီး အမောဖြေလိုက်သည်။ ခြံထဲကို ပုံမှန်ခြေလှမ်းတွေနဲ့ ဝင်လာပြီးနောက် သစ်ပင်ကြီးအောက်မှာ ထိုင်နေသော ရှင်းနောင်ကိုတွေ့လိုက်ရသည်။

ဂိမ်းကစားနေသော ရှင်းနောင်က သူ့ကိုခေါင်းထောင်ကြည့်လာသည်။ သူဆိုတာ သိတာနဲ့ မျက်ဝန်းတွေပိတ်ကျလုနီး ပြုံးပြလာခဲ့သည်။ သူ့ရင်ထဲ တောက်လောင်နေတဲ့ မီးတွေကို ရေနဲ့ လောင်းချလိုက်သလို သူအေးချမ်းသွားရသည်။

I Found Love In a Village [Completed]Where stories live. Discover now