အပိုင်း ၂

2.8K 209 5
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၂

အိမ်ပြန်ချင်နေသော လျိုဝေဝေက သူမလက်ထဲက မှန်ချပ်လေးကို အကြိမ် တစ်ရာလောက်ကြည့်ရင်း ငိုတာထက် ပိုရုပ်ဆိုးတဲ့ အပြုံးကိုပြုံးလိုက်သည်။

မှန်ထဲကလူမှာ အဝါရောင်တောက်တောက် ဆံပင်ရှည်ရှည်နဲ့ သူမလက်ဖဝါးလောက်ရှိတဲ့ မျက်နှာပေါ်မှာ ကျဉ်းမြောင်းတဲ့ ဖီးနစ် မျက်ဝန်းတစ်စုံက နည်းနည်းတော့ စွဲမက်ဖွယ်ကောင်းရုံလောက်ပဲ။

ပိန်လှီနေသော သူမ၏ခန္ဓာကိုယ်ကို ထပ်မံထိတွေ့မိလိုက်ရာ လျိုဝေဝေက လှောင်ပြောင်လိုက်ပြီး ခေါင်းခါကာ မှန်လေးကို စားပွဲပေါ် မှောက်ချလိုက်သည်။ သူမက ရုပ်ဆိုးတဲ့ မိန်းကလေးဖြစ်နေဆဲပင်။ မထင်မှတ်ပဲ သူမသေဆုံးသွားကာ အိပ်မက်မှ နိုးထလာသောအခါတွင် သူမက အမှန်တကယ်ပင် အနာဂတ် နှစ်ခုနစ်ထောင်ကို ဖြတ်သန်းသွားခဲ့သည်။

ဘုရားသခင်က သူမအား ထူးဆန်းသည့် ဟင်းချက်သည့်စနစ်ကို ပေးရုံသာမက ထူးဆန်းသော ခန္ဓာကိုယ်၌လည်း ပြန်လည်မွေးဖွားခွင့်ပေးခဲ့သည်။

မူလကိုယ်ခန္ဓာ၏ မှတ်ဉာဏ်အရ ကမ္ဘာမြေကြီးသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က ဖျက်ဆီးခံခဲ့ရပြီး နောက်ဆုံးတွင် လူသား ၁% ခန့်သာ လွတ်မြောက်ခဲ့သည်။

လူသားများက ယခုအခါ နမိန်ခဲ နဂါးငွေ့တန်းတွင် နေထိုင်ကြပြီး ယခုချိန်တွင် ကမ္ဘာမြေ၏ ပတ်ဝန်းကျင်နှင့် ဆင်တူသည့် လင်းတယ် ကြယ်တွင် ရှိနေသည်။

လျိုဝေဝေက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး အားတက်သရောနဲ့ သူမရှေ့က ဖန်သားပြင်ကို ဖွင့်လိုက်ပြီး အိုင်ကွန်များစွာထဲက “ကောလိပ်ဝင်ခွင့်စာမေးပွဲနောက်ဆုံးနှစ်” ကို နှိပ်လိုက်သည်။

လျိုဝေဝေက သူမ၏ မေးစေ့ကို လက်နှစ်ဖက်ကြားတွင် မြှုပ်ထားရင်း စားပွဲပေါ်တွင် လှဲလျောင်းကာ သမ်းဝေရင်း စာဖတ်နေတော့သည်။ မှန်တယ်၊ သူမက လူ့အဖွဲ့အစည်းမှာ ငါးနှစ်ခြောက်နှစ်ကြာ ရုန်းကန်ခဲ့ရတဲ့ အသက်သုံးဆယ်အရွယ် ကော်လာဖြူ အလုပ်သမားတစ်ဦးဖြစ်ခဲ့သည်။ အခု သူမက နှစ်ခုနစ်ထောင်ကြာပြီးနောက် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေရသည်။ 

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now