အပိုင်း ၂၃

733 88 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၂၃

ဒုဗိုလ်ကြီးလု တတိယအဆင့် သားရဲကို ရသွားတဲ့အခါ သူ့ဆက်သွယ်ရေးစက်မှ အသံထွက်လာသည်။ ချိတ်ဆက်သွားတာနဲ့တပြိုင်နက် 3D ပရောဂျက်တစ်ခုပါသည့် ဆက်သွယ်ရေးမျက်နှာပြင်တစ်ခုက သူ့ရှေ့ ပေါ်လာခဲ့သည်။

"ထရိန်နင်ဆင်းတာ ဘယ်လိုလဲ"  မှင်ရောင် စစ်ဝတ်စုံ ၀တ်ဆင်ထားတဲ့ ဗိုလ်မှူး ချင်မိုက သူ့ရဲ့ ထက်မြက်တဲ့ လေးထောင့်ပုံမျက်နှာဖြင့် အနုစိတ်ကျနေသေးသည်။

ဒုဗိုလ်ကြီး လုရဲ့ နှလုံးက ချက်ချင်း ခုန်ပေါက်သွားကာ ပထမတပ်မတော်တပ်ရင်းရဲ့ group chat ကို ပိတ်ထားခြင်းရှိ၊ မရှိ မသိစိတ်က စစ်ဆေးခဲ့သည်။

"ဟင်?"  ချင်မို မျက်ခုံးပင့်ပြီး သူ့လက်ကိုနောက်ပစ်ထားခဲ့သည်။ "မကောင်းဘူးလား?"

ဒုဗိုလ်ကြီး လုက ချွေးအေးတွေနဲ့ ရွှဲနေပြီ။ အလင်းရောင် ဖန်သားပြင်တလျှောက်တွင်ပင် မျက်မှာအမူအရာကင်းမဲ့တဲ့ ဗိုလ်မှူးရဲ့ ဖိအားကို ခံစားခဲ့ရသည်။  ဗိုလ်မှူးက သူ့စကားအဆုံးသတ်ကို နည်းနည်းရှည်လိုက်တိုင်း၊ ပြင်းထန်စွာကိုင်တွယ်ရမည့် အကျပ်အတည်းကို ခံစားရသည်။ သူ့ခြေထောက်တွေ ပျော့သွားပေမယ့် သူ့နောက်ကျောကို တည့်မတ်ဖို့ အတတ်နိုင်ဆုံး အမြန်ကြိုးစားခဲ့သည်။ အခု သူက အဆင့် ၄ သားရဲကို လက်မြှောက်အောင်လုပ်နိုင်သူဖြစ်နေပြီ။  "ဗိုလ်မှူးကို သတင်းပို့ပါတယ်။ ကောင်းပါတယ် "

ချောမွေ့တာပေါ့။  မွန်းစတားနှစ်ကောင် ဆက်တိုက် နှိုးဆွပြီး​ပြီဖြစ်ပေမယ့် သူ့ရှေ့မှာ တိုက်ခိုက်ချင်တဲ့ ဆန္ဒကိုပင် မထုတ်လုပ်နိုင်ခဲ့ပေ။  သနားစရာကောင်းလိုက်တာ၊ ဗိုလ်မှူးက သူတို့ကို မြေပြင်ပေါ်မှာ တွားပြီး တုန်လှုပ်နေတာကို မြင်ခွင့်မရခဲ့ဘူး၊ မဟုတ်ရင် ဒီနှစ် ဗိုလ်မှူးက သူ့ကို အမှတ်ကောင်းကောင်း ပေးလိမ့်မယ်၊ ဟားဟား။

ဒါကိုတွေးပြီး လုချင်းဟန်က လျိုဝေဝေကို မှတ်တမ်းတင်ဖို့ သူ့ရဲ့အလင်းဦးနှောက်ကင်မရာဆီ ပြောင်းလိုက်သည်။  "ဗိုလ်မှူး၊ ဒီအတန်းဖော်..." ရဲ့ ရှေးခေတ် အာဟာရပျော်ရည်က အရသာရှိလွန်းတယ်။ သူစကားမဆုံးခင် လုချင်းဟန် ခေတ္တရပ်လိုက်သည်။ ကျန်တာပြောရင် သတ်ပစ်မယ်လို့ သူ့ရဲ့သားရဲဗီဇက သူ့ကိုပြောလာတယ်ဆိုတော့ အချိန်မီချုပ်ထိန်းထားလိုက်သည်။ ဒါပေမယ့် ပြုံးပြုံးရွှင်ရွှင်မရှိတဲ့ ရေခဲတုံးကြီးကြီးကို မြင်လိုက်ရပြီး မိန်းကလေးရဲ့ ဦးတည်ရာကို ကြည့်လိုက်ရာ ဗိုလ်မှူးရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းက ဖြည်းညှင်းစွာ တွန့်ကွေးသွားကာ သံသယဝင်နေတဲ့ပုံ ပေါ်လွင်စေသည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now