အပိုင်း ၁၈

836 102 4
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၁၈

ချင်မိုက စီးကရက်တစ်လိပ်သောက်ပြီး ဆက်သွယ်ရေးစက်ကိုပိတ်ကာ ကလေးမလေး တစ်ယောက်တည်း တိုက်ခိုက်နေသည့်နေရာဆီ ပြန်သွားခဲ့သည်။ ဒါပေမယ့် ဗုံးကျဲသလိုဖြစ်နေသင့်တဲ့နေရာ ဒါမှမဟုတ် သားရဲတွေရဲ့ဟိန်းဟောက်သံတွေနဲ့ ပြည့်နေသင့်တဲ့နေရာက အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ သူ့အရှိန်ကို မြှင့်ပြီး လျိုဝေဝေ ရှိနေတဲ့ နေရာကို ပြေးသွားလိုက်တဲ့အခါ ကောင်မလေးက မျက်လုံးတွေမှိတ်ပြီး မြေပြင်ပေါ်မှာ လဲကျနေကာ မျက်နှာက စာရွက်လို ဖြူဖျော့နေတာကို တွေ့လိုက်ရသည်။ သူမ ရင်ဘတ်တွင် သေးငယ်သော အတက်အကျ ရှိနေတာ သတိပြုမိတဲ့အခါ ချင်မိုရဲ့ တင်းကျပ်သွားသည့် နှလုံးက ပြေလျော့သွားသည်။ သူမကို ခေါ်ကာ မောင်းသူမဲ့ယာဥ်ဆီ ပြန်သွားခါနီး သူ့အလင်းဦးနှောက်က အရေးပေါ် ဆက်သွယ်မှုတစ်ခု ပေးပို့လာခဲ့သည်။

"ခေါင်းဆောင်၊ သားရဲအခြေစိုက်စခန်းမှာ ရွှေ့ပြောင်းအခြေချမှု အများအပြားရှိပါတယ်။ အဆင့်မြင့် သားရဲတွေအားလုံး အဆင့်နိမ့်ဒေသတွေဆီ ပြောင်းရွှေ့သွားကြပြီ!"

တပ်ကြပ်ကြီးရဲ့ အရေးပေါ် အစီရင်ခံစာကြောင့် ချင်မို မျက်ခုံးပင့်သွားချိန် သူ့ ရင်ခွင်ထဲမှ မိန်းကလေးက တဖြည်းဖြည်း နိုးလာသည်။

လျိုဝေဝေ နိုးလာတဲ့အခါ သူမ မာကျောသော ကြွက်သားများ ဝန်းရံထားသည်ဟု ခံစားလိုက်ရပြီး အော်ဟစ်ကာ ရုန်းကန်ခဲ့သည်။ " ဟင့်အင်းးး ငါ့အသားကို မစားနဲ့!"
 

ချင်မို - ".....စိတ်အေးအေးထား။ ငါပါ"

လျိုဝေဝေက နောက်ဆုံးမှာ ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပေမယ့် သူမ အေးစက်စွာ နှာရှုံ့လိုက်သည်။ ဖြစ်နိုင်လျှင် သူမမျက်လုံးများကို လှိမ့်လိုက်ချင်သည်။ သူမ သားရဲ ၃၀ ကျော်ကြောင့် နစ်မြှုပ်သေဆုံးလုနီးပါးဖြစ်ခဲ့.. မဟုတ်ဘူး။ နောက်ဆုံးမှာ သားရဲတစ်ရာကျော်က သူမဆီလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲအမျိုးမျိုးတို့က ပါးစပ်ဖွင့်ကာ တံတွေးများရွှဲလျက် သူမထံသို့ ရူးသွပ်စွာ ချဉ်းကပ်လာကြသည်။ ကျယ်လောင်စွာ ငိုချင်ပေမယ့် ကြောက်လွန်းလို့ ငိုဖို့တောင် မေ့သွားတယ်။ အဆုံးမှာတော့ သူမထက် ပိုမြင့်တဲ့ နာရွက်ရှည် ယုန်တစ်ကောင်ကို မြင်လိုက်ပုံရသည်။ သူ့ ရှေ့သွားနှစ်ချောင်းက သူမလည်ပင်းကို တစ်ချက်တည်း ကိုက်သွားနိုင်သည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now