အပိုင်း ၂၆

685 90 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၂၆

လျိုဝေဝေက ယုန်‌လေးကို ဝဖြိုးလာတဲ့အထိ ကျွေးမွေးကာ ကျန်းမာရေး စောင့်ရှောက်မှု အစုံအလင် ပေးပြီးနောက် ကုတင်ပေါ်မှာ လှဲလျောင်းရင်း တစ်ရေးတစ်မော အိပ်စက်အနားယူလိုက်သည်။ သူမနိုးလာတဲ့အခါ ညကိုးနာရီထိုးနေပြီ ဖြစ်သည်။  ယုန်လေးက သူမ ခေါင်းအုံးဘေးတွင် ရှိနေပြီး ဖြူဖွေးတဲ့ ဖက်ထုပ်ကြီးအဖြစ် ပြောင်းလဲကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အိပ်မက်လှလှမက်နေပုံရသည်။ သူမသည် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းနဲ့ တင်ပါးနေရာကို မသိဘဲ ထိကာ ညင်သာစွာ လှန်လိုက်သည်။

ရုပ်ပိုင်းဆိုင်ရာ စာမေးပွဲဖြေဖို့ ဆုံးဖြတ်ခဲ့တာက တကယ်ကောင်းသည်။ သူမ ဆုံးဖြတ်ချက်ချတဲ့နေ့ကစပြီး ပြန်လည်သုံးသပ်စရာ ဘာမှ မရှိတော့ဘူး။ တကယ်လို့ အခြေစိုက်စခန်းမှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုသာ ရှိခဲ့မယ်ဆို လျိုဝေဝေက သူမရဲ့ အာကာသနေရာလွတ်တစ်ခုလုံး အစာအပြည့်ဖြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ အခုအချိန်တွင် ဂေါ်ရီလာတွေကနေ သံဝက်တွေအထိ အားလုံးက သူမနဲ့ တော်တော်လေး ရောနှောနေပုံရတယ်။ သူတို့ လှဲအိပ်ပြီး ချစ်စရာကောင်းစွာနဲ့ အစာကျွေးဖို့ တောင်းဆိုကြတယ် ( ̄▽ ̄)~*။ ထိုသားရဲတွေသုံးမိနစ်ခန့် လှဲလျောင်းပြီးနောက် သူမ စာမေးပွဲ အောင်မြင်မည်ဖြစ်သည်။

လျိုဝေဝေ နှုတ်ခမ်းထောင့်က မြင့်တက်သွားသည်။ ဤနည်းလမ်းက မဆိုးပေ၊ ဆန်ကုန်မြေလေး လူတစ်ဦးဖြစ်တာလည်း ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်သည်။ သူမ ယုန်တစ်ကောင်ကို နှိပ်နယ်ပေးပြီး အစားအစာချက်ပြုတ်ပြီးနောက် နေ့တိုင်း ငွေအနည်းငယ်ရှာသည်။ အဲ့ဒိနောက် ... သူမ ပြုံးကာ ရင်ဘက်ကို ထိတွေ့လိုက်သည်။ သူမ ရင်ဘတ်က ဖောင်းလာသလို ခံစားရသည်။ ဒါက စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတစ်ခုလား သူမ မသိပေမယ့် ပိုကြီးလာတယ်လို့ ခံစားမိတယ်၊ အနည်းဆုံး A ဆိုဒ်ကနေ  B ဆိုဒ်သေးသေးလေး ဖြစ်သွားတယ် ဟီးဟီး။ ဒီထိတွေ့မှုက ဆက်လုပ်ဆောင်နေဆဲဖြစ်သည့် +၁၅ အလှအပအမှတ်ကို သတိရစေသည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now