အပိုင်း ၅၄

473 52 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၅၄

ဖန်ကျားလျန့်က သူ့သမီးကို ထမ်းထားပြီး သူ့ဘေးနားက သူ့မိန်းမကို ကြည့်ကာ "ကိုယ်အရင်ပြောမယ်။ကျွန်တော် ဖန်ဖန်နဲ့ ငါးနှစ်လောက်နေခဲ့တယ်။ ရင်သပ်ရှုမောစရာ အခိုက်အတန့်ကတော့ ကျွန်တော် ခွဲစိတ်ကုသဖို့ ဆေးရုံတက်ရတဲ့အချိန်ပဲ "  သူကအရူးတစ်ယောက်လို အပြုံးလေးနဲ့ "အဲဒီတုန်းက ကျွန်တော့် မိန်းမက ကျွန်တော်တို့ရဲ့သမီးလေးကိုလည်း ကြည့်ရသေးတယ် ကျွန်တော့်ကိုလည်း ဂရုစိုက်ပေးခဲ့တယ်။ တစ်နေ့ကို လေးနာရီလောက်ပဲ အိပ်တယ်။ သူမရဲ့ မျက်လုံးအောက်မှာ အညိုရောင်အကွက်ကြီးနှစ်ကွက်တောင်ရှိခဲ့တယ်။  ဒါပေမယ့် သူမက အလှဆုံးဖြစ်နေတုန်းပဲ၊ အဲဒီအချိန်တုန်းက ဆရာဝန်က ကျွန်တော်ထပ်ပြီး အလုပ်လုပ်လို့မရနိုင်တော့ဘူးလို့ ပြောခဲ့ပေမယ့် သူမ ကျွန်တော့်ကို ထားလည်းမထားပစ်ခဲ့သလို ညည်းလည်း မညည်းညူခဲ့ဘူး"

"အရူး၊ သမီးလေး ရှေ့မှာ ဘာတွေပြောနေတာလဲ"  ဖန်ကျားလျန် ဇနီးရဲ့ ပါးပြင်တွေက ချက်ချင်း နီမြန်းလာခဲ့သည်။ "ကျွန်မကိုယ်ဝန်ရှိတုန်းက ရှင် ကျွန်မကို နေ့တိုင်း ဂရုစိုက်ပေးတယ်။ ကျွန်မအတွက် နေ့တိုင်း အာဟာရပျော်ရည်တွေပြင်ပေးတယ်။ ကျွန်မခြေထောက်ကို အရူးတစ်ယောက်လို ဆေးကြော ပေးတယ်။ ရှင် နေ့တိုင်း စစ်ဆေးဖို့အတွက် အွန်လိုင်းတက်တယ်။  ကိုယ်ဝန်ရှိစဉ်မှာ သတိထားရမယ့်ဟာတွေကို လိုက်နာခိုင်းတယ်လေ။ ရှင်ကျွန်မကို ဂရုစိုက်ဖို့ နေ့တိုင်း ကျွန်မနောက်က လိုက်ပေးခဲ့တယ် "

ဖန်ကျားလျန် သူ့ခေါင်းကို ကိုင်ပြီး ရယ်မောကာ နားရွက်တွေကလည်း ပန်းနုရောင်သန်းနေပြီ။ "ဒါက ယောက်ျားတိုင်း လုပ်သင့်တဲ့ဟာပါ။ မင်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ အဲ့တာတွေလုပ်ဖို့ဆိုတာ အရမ်းခက်တယ်လေ "  သူက သက်ပြင်း မချဘဲမနေနိုင်ခဲ့ပေ။ "ကိုယ်က ဆင်းရဲတယ်။ အဲဒီတုန်းက မင်း အာဟာရပျော်ရည် မသောက်ချင်ဘူးလို့ ပြောပေမယ့် စားသောက်ဆိုင်ကဟာ ဝယ်ကျွေးဖို့ ကိုယ် မတတ်နိုင်ခဲ့ဘူး..."

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now