အပိုင်း ၄၁

624 65 1
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၄၁

အာကာသယာဉ်ပေါ်တွင် သုံးရက်ကြာပြီးနောက်၊ အထူးသဖြင့် နံနက် နိုးလာသောအခါ လျိုဝေဝေရဲ့ ပျို့အန်ခြင်းနဲ့ အော့အန်ခြင်းလက္ခဏာတွေက မသက်သာခဲ့ပေ။ သူမနိုးလာပြီး အမွှေးရှည်ယုန်လေးကို ထိလိုက်တိုင်း နောက်စက္ကန့်မှာ ရေချိုးခန်းထဲ အပြေးအလွှား သွားခဲ့ရသည်။ သူမ အခု အမှတ် (၁) တပ်ရင်းမှူးပြောတာကို ယုံသွားပြီ။ သူမ ခန္ဓာကိုယ်က ယုန်မွှေးနဲ့ အနည်းငယ်မတည့်ပုံပင်။

သူမ မသိခဲ့တာက သူမ ရှောင်ပိုင်ကို ညတိုင်းအိပ်ဖို့ ပွေ့ဖက်ထားတာကိုပဲ။ သူမရဲ့ နွေးထွေးနူးညံ့တဲ့ ခန္ဓာကိုယ်ကို တစ်ဖက်ကို မှီထားရတာကို နှစ်သက်တဲ့အတွက် လူတစ်ဦးနဲ့ ယုန်တစ်ကောင်က တစ်ယောက်ကို တစ်ယောက် မှီခိုနေခဲ့တာပင်။

အာကာသယာဉ်က စစ်တပ် အခြေစိုက်စခန်းဆီ ရောက်ရှိတဲ့အခါ လျိုဝေဝေက သူမရဲ့ အလုပ်သင်အတွက် အစီရင်ခံမှုပြုလုပ်ပြီးချိန် ဆရာဝန်နဲ့ အမှန်တကယ် သွားတွေ့သင့်သည်။ ရှောင်ပိုင်ကို သူမ စွန့်ပစ်မှာ မဟုတ်တာကြောင့် ဆေးဝါး အနည်းငယ်ကိုပဲ သူမ တောင်းနိုင်သည်။  ဒါကိုတွေးပြီး ရေချိုးဖို့ထကာ တပ်ရင်းမှူးတွေအတွက် မနက်စာချက်ဖို့ ထမင်းချက်ခန်းကို သွားလိုက်သည်။

ဒီနေ့ လျိုဝေဝေ ပျို့အန်နေပြန်ပြီမို့ အသားတွေနဲ့ ဆီများတဲ့ ဟင်းလျာတွေကို မချက်ပြုတ်နိုင်တော့တာကြောင့် မနက်စာအတွက် လျန်းပိုင်ကို ရိုးရှင်းစွာ ပြင်ဆင်ခဲ့သည်။ အထူးသဖြင့် သူမ ပန်းကန်လုံးထဲမှာ ရှာလကာရည် အများကြီး ထည့်ထားတယ်။ သူမ သွားတွေကို ထိခိုက်နိုင်ဖွယ်ရှိတဲ့ အချဥ်အရသာ လျန်းပိုင်ကို စားပြီးတဲ့အခါ သူမရဲ့ ပျို့အန်ခြင်းက ပိုကောင်းလာခဲ့သည်။ နောက်ထပ် သံပုရာအရသာ အာဟာရပျော်ရည်ကို သောက်ပြီးနောက် ၎င်းကို လုံးလုံးလျားလျား ကျော်ဖြတ်နိုင်ခဲ့သည်။

လျိုဝေဝေက လျန်းပိုင်ပါတဲ့ စည်ပိုင်းကို ထမင်းစားခန်းအပြင်ဘက်က စားပွဲဆီ ရွှေ့လိုက်သည်။  တကယ်တော့ သူမ ရိုးရိုးရှင်းရှင်း တွဲဆက်ပေးထားတဲ့ စားပွဲကြီးတစ်ခုပဲ။  မနက်ခင်းလေ့ကျင့်ခန်းပြီးတာနဲ့ တပ်ရင်းမှူးတွေ တိုက်ရိုက်စားလို့ရအောင် ပန်းကန်လုံးတွေ၊ ဇွန်းတွေ၊ တူတွေ ထည့်ထားသည်။ ဟင်းရည်တွေလည်း ယူလာပေးသည်။  တပ်ရင်မှူးတွေက ဘာကဘာလဲဆိုတာ မှန်းဆလို့ မရနိုင်တော့မှာစိုးသည့်အတွက် အရှေ့ဘက်မှာစာရေးခဲ့လိုက်သည်။ [အစပ်ဆီ၊ သကြား၊ ရှာလကာရည်၊ နှမ်းဆီ၊ သခွားသီးပါးပါးလှီး၊ ကိုယ်စားမယ့်အရသာအတိုင်း ရောမွှေပါ။]

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now