အပိုင်း ၄၅

700 76 1
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၄၅

လျိုဝေဝေက ခေါင်းစောင်းကာ ပါးစပ်ကို အုပ်ပြီး သူမထက်ခေါင်းတစ်လုံးစာ အရပ်မြင့်သော အမျိုးသားကို မယုံနိုင်စွာ ကြည့်နေမိသည်။ သူကအမှောင်ထဲမှာ ရပ်နေပြီး အရပ်ရှည်ရှည် ဖြောင့်ဖြောင့်နဲ့ အနက်ရောင် စစ်ဝတ်စုံကို ပိုလို့တောင်ကြည့်ကောင်းစေပြီး သူ့မျက်နှာအမူအရာကတော့ အေးစက်နေသည်။

လျိုဝေဝေက သူမ ရင်ဘတ်ထဲ အနည်းငယ် တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

ချင်မို မျက်မှောင်ကြုတ်လိုက်သည်။ "လက်မခံနိုင်ဘူးလား"

လက်မခံနိုင်ဘူးလား?  ရှော့ခ်ရစရာပဲ! လျိုဝေဝေက နောက်ပြန်ဆုတ်ပြီး ရင်ဘတ်ကို အပြင်းအထန် ပုတ်ရင်း "ရှင်၊ ရှင်၊ ရှင် ...ဗိုလ်မှူးချင် ရှင်က ဘာလို့ ဒီမှာရှိနေတာလဲ "  သူမ တံခါးကို သော့ခတ်ထားတယ်ဆိုတာ အသိသာကြီးပင်။

"ဘယ်သူမှ မင်းကို မပြောဘူးလား" ချင်မို မျက်ခုံးပင့်လိုက်ပြီး သူ့ရှေ့က ကြောက်လန့်တကြားဖြစ်နေတဲ့ ယုန်တစ်ကောင်လိုပုံစံနဲ့ ပိန်ပိန်ပါးပါး မိန်းကလေးကို ကြည့်ပြီး ပြောလိုက်သည်။  "ဒါ ငါ့အိပ်ခန်းပဲ"

လျိုဝေဝေက ပျို့အန်ချင်စိတ်တောင် ချက်ချင်းမေ့သွားသည်။ "ဘာ၊ ဘာလဲ"

"မင်းက ငါ့ရဲ့ ချက်ပြုတ်ရေး ရဲဘော်ပဲ။ ထမင်းချက်နဲ့ သူတို့ရဲ့ ကြီးကြပ်ရေးမှူးက အိပ်ဆောင်အတူတူပဲ နေရမှာ။ ပထမထပ်ရဲ့ ဘယ်ဘက်ခြမ်းက ပထမအခန်းက ငါ့အိပ်ခန်း။ ကျန်တဲ့ အခန်းတွေကို မင်း လွတ်လွတ်လပ်လပ် ရွေးလို့ရတယ်"

လျိုဝေဝေ - "!!!"  ဒါကြောင့် သတ်မှတ်ထားတဲ့ အိပ်ခန်းက အံ့ဩစရာကောင်းလောက်အောင် ကြီးနေတာကိုး ....

"ဒါက နောက်ဆုံးတစ်ခုပဲ"  ချင်မိုက စားပွဲပေါ်က အထုပ်ကို လက်ညှိုးထိုးပြပြီး "စက်ရုပ်က ပူနေတဲ့အချိန်မှာ စားဖို့ပြောတယ်၊ စားပြီးရင် အနားယူလိုက်တော့။  တိကျတဲ့အလုပ်ကို မနက်ဖြန်မှစမယ်။"

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now