အပိုင်း ၃၃

615 90 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၃၃

တပ်ရင်းမှူးတွေက စိတ်ရှည်တဲ့သူတွေ မဟုတ်ဘူး။ လုချင်းဟန်က စကားအကြာကြီးပြောနေပေမယ့် ဒီကိစ္စကို မဖြေရှင်းနိုင်တာကိုတွေ့တော့ သူတို့နည်းနည်း စိတ်မရှည်ကြတော့ဘူး။

အမှတ် (၁) တပ်ရင်းမှူးက သူ့လက်ထဲမှာ အသားပြားတွေရဲ့ စည်သွပ်ဗူးခွံ ရှိနေသေးကာ သူက လှမ်းသွားပြီး အေးစက်စက်နဲ့နှာမှုတ်လိုက်သည်။ "ရှောင်လု ဘာလုပ်နေတာလဲ။ မာရှယ်ရဲ့ အမိန့်ပဲဟာကို မင်း ဒီကိစ္စကို အကြာကြီး ပြောနေမှာလား။"

အမှတ် (၂) တပ်ရင်းမှူးက အနီရောင် အဆိပ်ပြင်းတဲ့ပင်းကူရဲ့ အလောင်းကို မြေပြင်ပေါ် ပစ်ချပြီး “မြန်မြန်လုပ်ဟ။ တပ်ရဲ့တာဝန်ကို နောက်ကျသွားခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံဖို့ အဆင်သင့်ဖြစ်ပြီလား။ အချိန်ဆွဲနေသေးတယ်။ မင်း ရိုက်ခံချင်နေတာတော့ မဟုတ်ဘူးမလား "  သူတို့က အဲဒီလိုပြောပေမယ့် သူတို့ရဲ့ စူးရှတဲ့မျက်လုံးတွေက ကျောင်းဌာနမှူး၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေအပေါ် လွင့်မျောနေသည်။

ကျောင်းဌာနမှူးရဲ့ခေါင်းမှာ ချွေးတွေ စီးကျနေပြီ။ "တပ်ရင်းမှူး​တို့ ကျေးဇူးပြုပြီးအရင်ဆုံး အနားယူလိုက်ကြပါ။ ကျောင်းအုပ်ကြီးဆီ ကျွန်တော် ချက်ခြင်း သတင်းပို့ပြီး သားရဲများကို ရေတွက်ပြီး ပြင်ဆင်ခိုင်းဖို့ တပ်စခန်းသို့ လူတစ်ယောက် စေလွှတ်လိုက်ပါ့မယ်။ သူတို့ကို ချက်ချင်း လွှတ်လိုက်ပါ့မယ်။ လျိုဝေဝေရဲ့ ဘွဲ့ရအဆင့် အကဲဖြတ်မှုတွေကိုလည်း တတ်နိုင်သမျှ ပြီးအောင် လုပ်ဆောင်ပေးပါ့မယ် "

လုချင်းဟန်က ခေါင်းညိတ်လိုက်သည်။ "ဒါက ဒီနေ့ လေ့ကျင့်ရေးစခန်းရဲ့ နောက်ဆုံး ဖျက်သိမ်းတဲ့ရက်ပဲ ”

...

လျိုဝေဝေက ဘေးတွင် ရပ်နေပြီး အနည်းငယ်ကြောင်နေသေးသည်။  သူမကို ပထမဆုံး စစ်သင်တန်းကျောင်းကို ဝင်ခွင့်ပေးခဲ့လား။  သူမ ဘွဲ့ရ စာမေးပွဲ မဖြေရဘူးလား?  သင်တန်းနည်ပြရဲ့ စကားအရ သူမက ဘွဲ့မှာ ထူးချွန်တဲ့ အဆင့်တစ်ခုကိုလည်း ရနိုင်တာလား။ သူမရဲ့စိတ်တွေ ပျောက်ဆုံးသွားခဲ့သည်။ ရုတ်တရက် သတင်းကောင်းက ကောင်းကင်ကနေ ပြုတ်ကျလာပြီး လက်တွေ့ဘဝကနေ ရုန်းထွက်နိုင်ခဲ့သည်။ သူမ ခြေထောက်ကို မသိစိတ်က မြှောက်လိုက်ပြီး တခြားကျောင်းသူတွေနဲ့ အတူ အိပ်ဆောင်ကို ပြန်သွားချင်ပေမယ့် မကြာခင်မှာ တပ်ရင်းမှူးတွေ ဝိုင်းရံလာပြန်သည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now