အပိုင်း ၃၈

577 68 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၃၈

"ချီး အဲ့ဒါက အနံ့ကောင်းတယ်! ငါ စားပြီး ရူးသွားပြီ!"  ၎င်းကရဲရင့်တဲ့ ဧည့်သည်ဖြစ်လာခဲ့သည်။  သူက ပလတ်စတစ် လက်အိတ်ကိုစွပ်ကာ လိမ္မာပါးနပ်စွာနဲ့ ကျောက်ပုဇွန် တစ်ကောင်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ အခွံတောင် မခွာဘူး။ သူ့မျက်နှာပေါ်က အမူအရာက တောက်ပနေပြီး ချီးကျူးရင်း အလုပ်များနေခဲ့သည်။ 

ပထမဆုံး စားရဲသူရှိလျှင် ဒုတိယ၊ တတိယနှင့် ထို့ထက်မက ရှိလိမ့်မည်။

မကြာခင်မှာ သူဘယ်လိုစားလဲဆိုတာ လူတိုင်းသိလာကြသည်။  လက်တစ်ဖက်တည်းနဲ့က နည်းနည်းခက်ပေမယ့် အစာကောင်းကောင်းစားဖို့ မတားနိုင်ဘူး။ သူတို့က တစ်ကောင်ကို ကောက်ယူပြီး အသားပြည့်နေတဲ့ ပုဇွန်ခါးကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် မွှေးကြိုင်တဲ့ ဟင်းခတ် ဆယ့်သုံးမျိုးဖြင့် စိမ်ထားသော အသားက အသက်ရှင်နေသေးသလို လည်ချောင်းထဲ ခုန်ဆင်းသွားခဲ့သည်။

ကော်လာဖြူ မိန်းကလေးက အခြားသူတွေရဲ့ ယစ်မူးနေတဲ့ အမူအရာတွေကြောင့် သွေးဆောင်ဖြားယောင်းခံခဲ့ရသည်။  ဘူးထဲမှာရှိတဲ့ ကျောက်ပုဇွန်တွေအားလုံးက အရမ်းကြောက်စရာကောင်းတယ်လို့ သူမ ခံစားမိသေးပေမယ့် တခြားလူတွေကတော့ ချိုမြိန်ပြီး လန်းဆန်းတယ်လို့ ပြောကြသည်။  ဒါနဲ့ ပန်းကန်ထဲက အနီရောင်ဟင်းရည်တွေကို ကြည့်ပြီး အမွှေးနံ့ကို သေသေချာချာ ရှူလိုက်တော့ ဟင်းရဲ့ နာမည်အတိုင်းပဲ။ အဲ့ဒါက ဟင်းခတ် ဆယ်သုံးမျိုး ပေါင်းစပ်ထားပြီး မှော်ဆန်စွာ ရောစပ်ထားတဲ့ ဟင်းခတ်မှုန့် ဆယ်သုံးမျိုး ကျောက်ပုစွန်ဆိုတဲ့ ဟင်းနာမည်လိုပဲ။ အရသာကွဲလွဲမှု မရှိရုံသာမက ပန်းကန်တစ်ခုလုံးကိုပါ မွှေးရနံ့ သင်းပျံ့စေသည်။

"အစ်မ မကြောက်နဲ့။ ဒီကျောက်ပုဇွန်က ချက်ပြီးသားမို့ ခုန်ပြီးမကိုက်ဘူး။ အခွံက နည်းနည်းမာပေမယ့် သွားနဲ့ကိုက်စားလို့ရတယ်။ အစပ်ဟင်းကိုတောင် စားလို့ရတယ်။ အရသာရှိပြီးသား အသားတွေနဲ့ အထဲမှာ စိမ်ထားတဲ့ စပ်တဲ့အရည်ကိုတောင် စားလို့ရတယ်၊ အရသာက မာပို တို့ဟူးနဲ့ တကယ်ကို မတူဘူး!"

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now