အပိုင်း ၂၈

739 92 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၂၈

လီစန်းဖမ်က နောက်ဆုံးတွင် သူ့နောက်လိုက်လာတဲ့ အမြီးကို ဖယ်ရှားနိုင်လိုက်ကာ ကြယ်ကွန်ရက် ပေါ်တက်လိုက်သည်နှင့် အရသာရှိသော အနံ့ကို ရခဲ့သည်။ သူက မူးဝေနေတဲ့ သူတစ်ယောက်လို မျက်လုံး မှိတ်ထားခဲ့သည်။  နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို ခံစားနေရတဲ့ လူများကို သက်သာရာရစေမည့် ရနံ့တစ်ခုရှိသည်။ အနံ့ခံနေသရွေ့ သူတို့တစ်ကိုယ်လုံးမှာရှိတဲ့ ချွေးပေါက်တွေအားလုံး ပြေလျော့သွားသလို ခံစားရပြီး ဘယ်လောက်ပဲ နာကျင်နေပါစေ ဂြိုဟ်အပြင်ဘက်ကို လွှင့်ပစ်လိုက်နိုင်သည်။

ဤအခိုက်အတန့်တွင် ထိုကဲ့သို့ သင်းပျံ့ရနံ့ဖြင့် ရေချိုးလာတဲ့ လီစန်းဖမ်က ဒီနေ့ရဲ့ ဆိုးရွားမှု ညှဉ်းပန်းနှိပ်စက်မှုက အပြီးမသတ်နိုင်သေးဟု ခံစားလိုက်ရသည်။ သူ သွေးအပြည့်ဖြင့် ရှင်ပြန်ထမြောက်ရမယ်။ ဒါပေမယ့် သူ့မျက်လုံးတွေကို မှိတ်ထားပြီး ရှေ့ဘက်လမ်းက လူတန်းရှည်ကြီးကို ကျော်ပြီး မြင်လိုက်ရတဲ့အခါ သူ့မျက်နှာက ပျက်ယွင်းသွားသည်။

"ကောင်မလေး၊ မနက်ဖြန် ဘယ်အချိန် အွန်လိုင်းတက်မှာလဲ"

"ဘယ်အချိန်ထိဖွင့်မှာလဲ၊ ဘယ်တော့ပိတ်မှာလဲ"

"မသွားနဲ့၊ ငါတန်းစီနေပြီဟာ၊ မင်းက ဘယ်လိုထွက်သွားတာလဲ။"

လူအများထံမှ ဆူညံသံကြောင့် လီစန်းဖမ် ချက်ချင်း ငိုကျွေးလုမတတ် ဖြစ်သွားသည်။  ပိတ်တာလား? အိုး!  စကြာဝဠာကြီးတစ်ခုလုံး ပျောက်ဆုံးသွားသလိုမျိုး ဝမ်းနည်းစရာပင်။

"ကျွန်မ လူတိုင်းကို တောင်းပန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့တိုင်း အင်တာနက်သုံးဖို့ အချိန်အကန့်အသတ်ရှိတာကြောင့် အပြင်ထွက်ရတော့မှာမလို့ပါ " လျိုဝေဝေက နူးညံ့စွာ ပြောခဲ့သည်။ အကြောင်းမှာ သူမ အငှားတဲနှင့် ပါလာတဲ့ အသံချဲ့စက်ကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ “တန်းစီနေတဲ့ ဧည့်သည်တွေအတွက် နံပါတ်ပြားရနိုင်ပါတယ်။ အွန်လိုင်းသုံးတဲ့အခါမှာ မာပို တို့ဟူးကို အချိန်မရွေးရရှိဖို့ နံပါတ်ပြားကို အသုံးပြုနိုင်တယ်။ ကျွန်မ ချက်ပြုတ်ပြီး အပူခံသေတ္တာထဲမှာ ထည့်ထားမယ်။ သုံးရက်အတွင်း အရည်အသွေး သို့မဟုတ် အရသာ ပြောင်းလဲမှာမဟုတ်ဘူး။ စိတ်မပူပါနဲ့။"

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now