အပိုင်း ၁၀

1.1K 119 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၁၀

လျိုဝေဝေက ဖိုရမ်ရဲ့ မှတ်ချက်ကဏ္ဍမှာ စွန့်စားပြီးနောက် သူမ ဝမ်းဗိုက်အောက်ပိုင်းက နာကျင်မှုကို ခံစားခဲ့ရသည်။

၂၁ ရာစုမှ လူတစ်ဦးအနေဖြင့် သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ အလွန်အကျွံစားခြင်းပင် ဖြစ်သည်။

ဒါပေမယ့် မကြာခင်မှာပဲ သူမလည်း အံ့အားသင့်သွားသည်။ သူမသည် တစ်ပတ်နီးပါးမျှ ဤအရာကို မလုပ်မိကြောင်း ရုတ်တရက်သိလိုက်ရပြီး ထိုအတွေးက ချက်ချင်းပဲ သူမကို ချွေးတွေနဲ့ အေးသွားစေခဲ့သည်။

ဤနေရာရှိလူတိုင်းက အာဟာရ ပျော်ရည်များအား သောက်ကြပြီး ကျူရှင်ခန်းအတွင်း အချိန်မရွေး ပေါက်ထွက်သည့် စွမ်းအင်ဖြည့်စွက်စာများကို စုပ်ယူခြင်းဖြင့်ပင် အာဟာရဓာတ်များကို ဖြည့်တင်းကြသည်။ လူအများစုက ပုံမှန် စွန့်ထုတ်ဖို့ မလိုအပ်တော့ပေ။

သို့သော်… လျိုဝေဝေက လောဘကြီးပြီး အိပ်ဆောင်တွင် ကြက်ပေါင်ကို နေ့တိုင်းမစားရပါက အဆင်မပြေဖြစ်ခဲ့သည်။

ကြယ်ကွန်ရက်၏ စျေးဝယ်စတိုးမှ သူမသည် သံပြားများနှင့် အရက်မီးဖိုကိုဝယ်ယူခဲ့ပြီး အိပ်ဆောင်ထဲတွင် ကြက်ပေါ်အချို့ကိုကင်ခဲ့ကာ စနစ်က အစပိုင်းတွင်ပေးထားသော ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်ကို ထည့်ခဲ့သည်။ နေ့တိုင်း ဗိုက်ပြည့်တဲ့အထိ စားရတာကိုပျော်တယ်။  ဒါပေမယ့် နောက်ပိုင်းမှာ သူမ ဗိုက်အရမ်းဖောင်းလာတာကို သိလိုက်ရသည်။

ဒါပေမယ့် ပါးစပ်ထဲ အစာဝင်သွားရင် အပြင် ထွက်ဖို့လည်းရှိတယ်ဆိုတာကို သူမ မေ့သွားသည်။ ယခု သူမ၏ ဗိုက်နာလာသောအခါ လျိုဝေဝေ မျက်နှာက ဖျော့တော့သွားခဲ့သည်။ သူမဗိုက်ကို ကိုင်ရင်း တစ်ယောက်အိပ်ဆောင်ထဲရှိ ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားခဲ့သည်။

နှစ်ပေါင်း ခုနစ်ထောင်ကျော်ကြာပြီးနောက် ကျောင်းအိပ်ဆောင်က ဆေးရုံအခန်းပုံဒီဇိုင်းနှင့် နှိုင်းယှဉ်နိုင်သည်။ အရောင်တွေအားလုံးက အဖြူရောင်တွေဆိုပေမယ့် ပစ္စည်းတွေ စုံလင်သည်ဟု ဆိုရမည်။ ၁၀ စတုရန်းမီတာအောက်သာ ကျယ်ဝန်းသော အခန်းငယ်တစ်ခုတွင် ၎င်းသည် သေးငယ်လှသော်လည်း  သူ့အတွင်းပစ္စည်းအားလုံးက စာငှက်တစ်ကောင်နှင့် နှိုင်းယှဥ်နိုင်သည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now