အပိုင်း ၃

1.7K 174 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၃

အညစ်အကြေး သဲလွန်စမရှိဘဲ အပြာရောင် ကတ္တီပါကဲ့သို့ နူးညံ့သော ကောင်းကင်တွင် ချည်သကြားလုံးကဲ့သို့ တိမ်ဖြူဖြူများ ရှိနေသည်။

လျိုဝေဝေက သန့်ရှင်းပြီး တောက်ပသော လမ်းပေါ်တွင် ရပ်နေခဲ့သည်။ သူမ အချိန်အတော်ကြာအောင် မတုံ့ပြန်ခဲ့သော်လည်း နားထဲမှ သတိပေးချက်မြည်သံကြောင့် သတိဝင်လာခဲ့သည်။

[သင် ကြယ်တာယာစကိုင်းနက်သို့ အကောင့်ဝင်ထားပြီးပါပြီ။ ကျေးဇူးပြု၍ သင်၏နေထိုင်မှုကြာချိန်ကို ဂရုပြုပါ။ အင်တာနက်၏ ပုံရိပ်စစ် ကမ္ဘာတွင် မပျော်ဝင်ပါနှင့်၊ ပျော်ရွှင်စွာ ရှာဖွေကြည့်ရှုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်]

ဘုရားရေ ဒါက နှစ်ပေါင်းတစ်ထောင်အကြာက အင်တာနက်ကမ္ဘာလား?

အနာဂတ်တွင်၊ ကမ္ဘာကြီးသည် ဦးနှောက်လှိုင်းချိတ်ဆက်မှုကို အမှန်တကယ် အသုံးပြုပါက အစစ်အမှန်နှင့် နီးစပ်သည့် ပုံရိပ်စစ်အဆောက်အအုံကို ရရှိလာမည်ဖြစ်သည်။

သူမ၏ဦးခေါင်းထက်မှ အဆုံးမရှိသော အပြာရောင်ကောင်းကင်ကြီးကို ကြည့်လိုက်ပြီးနောက် သူမခြေရင်းအောက်ရှိ ခိုင်ခံ့သော အပြာရောင်ကျောက် ကြမ်းပြင်ပေါ် ပထမခြေလှမ်းကို ဂရုတစိုက် လှမ်းလိုက်ရာ သူမ စိတ်လှုပ်ရှားစွာ ငိုတော့မည်။ ဒါက အခုအွန်လိုင်းကမ္ဘာကြီးလား?

ကျောင်းအိပ်ဆောင်ရှိ ကုတင်သေးသေးလေးပေါ်တွင် သူမလဲလျောင်းနေသေးသည်ကို သူမ မသိခဲ့ပါက လျိုဝေဝေသည် သူမနောက်တစ်ကြိမ်ကူးပြောင်းသွားပြီလို့ အမှန်တကယ် တွေးမိလိမ့်မည်။

ဒီလို လှည့်စားတဲ့အရာတွေကလွဲပြီး ဒီနည်းပညာမြင့်တဲ့ အနာဂတ်ကမ္ဘာကြီးကို အသက်ရှင်လျက် မြင်နေရတာက ကြည်နူးစရာပဲ။

လျိုဝေဝေသည် စွမ်းအင်နည်းပါးသောကြောင့် ဝင်ရောက်ရန် အာမခံအဖြစ် အုပ်ထိန်းသူလိုအပ်သည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now