အပိုင်း ၃၉

600 67 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၃၉

လျိုဝေဝေက တစ်နာရီအတွင်း ကျောက်ပုစွန်ဟင်းပွဲ ၆၀ ကျော်ကို ရောင်းချခဲ့ပြီး သူမ၏ လုပ်ငန်းတာဝန်က အလွန်လျင်မြန်စွာ ပြီးမြောက်သွားခဲ့သည်။ သူမသည် ဤတစ်နာရီအတွင်း အင်တာနက်ကို အသုံးပြုခြင်းအတွက် ခရက်ဒစ် ၈၀,၀၀၀ ကျော် အသားတင်အမြတ်ငွေကို ရရှိခဲ့ပြီး အခုချိန်မှာ သူမက ချမ်းသာတဲ့ အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်နေပြီဆိုတာ သိသာထင်ရှားလှသည်။

သူမ အော့ဖ်လိုင်းဖြစ်နေချိန်တွင် လျိုဝေဝေက ဒုဗိုလ်ကြီးလုဆီမှ သတင်းကိုတွေ့လိုက်ရသည်။ ဒီမနက် ရွက်လွှင့်ပြီး ဆယ်နာရီမှာ သူမကိုလာခေါ်မယ်လို့ ပြောခဲ့သည်။ ညစာအတွက် ကုမ္ပဏီမန်နေဂျာလို့ သူမသံသယရှိတဲ့ သူကို အကြောင်းပြန်ပေးခဲ့သည်။ သူမတွင် ကြယ်တာရာခရီးစဥ်တိုထွက်ဖို့တစ်ခုရှိသည်။ ထို့ကြောင့် သူ့ကိုတိကျတဲ့ အဖြေတစ်ခုပေးဖို့ လေးရက်ခန့်ကြာနိုင်သည်။

ထို့အပြင် လျိုဝေဝေက သူမရဲ့ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် အသစ်ဖွင့်လှစ်ထားတဲ့ ဟင်းချက်နည်းပါဝင်ပစ္စည်းတွေကို ချက်ချင်းစစ်ဆေးခဲ့ပြီး အသေးစိတ် စျေးဝယ်စာရင်းကို စတင်ပြုလုပ်ခဲ့သည်။  သူမ သူမရဲ့ မူလကိုယ်ပိုင်အာကာသနေရာလွတ်ကို ၃၀၀ စတုရန်းမီတာအထိ တိုးချဲ့ခဲ့ပြီး ငှားရမ်းခက တစ်လလျှင် ခရက်ဒစ် ၃၀,၀၀၀ သို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။  ကံကောင်းထောက်မစွာနှင့် ဟင်းချက်စစ်သား ပုံရိပ်က အကန့်အသက်မဲ့သော အခမဲ့ငှားရမ်းခ နှစ်နှစ်စာကို လျှော့စျေးပေးခဲ့သည်။ နောက်နှစ်နှစ်မှာ သူမရဲ့ အလုပ်သင်ရလဒ်တွေကို ဆက်တိုက်ဆိုသလို အဆင့်သတ်မှတ်နိုင်ခဲ့မယ်ဆို ဘွဲ့ရတဲ့အထိ အစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ ဦးစားပေးခံရမှုတွေကို ဆက်ခံယူရလိမ့်မည်။

ဒါက လျိုဝေဝေ အတွက် သတင်းကောင်းပဲ။ ထို့အပြင် သူမ ပါဝင်ပစ္စည်းတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်များစွာလည်း ဝယ်ယူခဲ့သည်။  အများအားဖြင့် ကြက်သား၊ ဘဲသား၊ အမဲသား၊ သိုးသား၊ ဝက်သားနှင့် ငါးများအပြင် သူမတွေ့ရှိခဲ့သော ကြယ်တာရာအစားထိုးပါဝင်ပစ္စည်းများဖြစ်သည့် ဤခေတ်တွင်လည်း ကျောက်ပုစွန်လို့ခေါ်သည့် ကျောက်ပုစွန်များကို ထပ်မံဝယ်ယူခဲ့သည်။  ထို့အပြင် ဆန်နှင့် ဂျုံမှုန့် ၅၀၀ ကတ်တီနဲ့ ဟင်းသီးဟင်းရွက် အများအပြားကိုလည်း ဝယ်ယူခဲ့သည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now