အပိုင်း ၆၆

369 50 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၆၆


 [ဝက်ခြေထောက်တွေက တရုတ်အစားအစာတွင် အသုံးများသော ပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ ကော်လာဂျင် ကြွယ်ဝတာကြောင့် အမျိုးသမီးတွေရဲ့ အလှအပဆိုင်ရာ ထုတ်ကုန်တစ်ခုအနေနဲ့ ရှာဖွေကြသည်]

 [တာဝန်အသစ် - သားသမီးများကို ဆူပူကြိမ်းမောင်းနေတဲ့ ဤမိခင်ကို ခြေထောက်တွေရဲ့ အရသာအမှန်ကို နားလည်စေပါ။ ၎င်းက အရပ်သားများလည်း ချက်ပြုတ်နိုင်သော အစားအစာဖြစ်သည် ]

 [တာဝန်ဆု - မင်္ဂလာဝတ်စုံ အခမဲ့ ရယူပါ။]

လျိုဝေဝေ ဆုကို စိုက်ကြည့်ရင်း၊ အခြေခံလူတန်းစားများ ခေါင်းမာခြင်းလို့ခေါ်တဲ့ သူမ လက္ခဏာမှာ မကူညီနိုင်ဘဲ သွားရည်ယိုကာ ပြတင်းပေါက်ရှိ မင်္ဂလာဝတ်စုံအားလုံးကို လှည့်ပတ်ကြည့်ရှုနေမိသည်... ကျစ်.

 ဗိုလ်မှူး ချင်က သူ့ဘေးနားက သားအမိကို တစ်ချက်ကြည့်လိုက်သည်။ မိန်းကလေးရဲ့ မျက်နှာပေါ် ပျားရည်လိုအပြုံးတစ်ခု ပေါ်လာပြီး သူမမျက်လုံးတွေက အလွန်နူးညံ့သွားတာ ထင်ရှားနေသည်။

 "ဧည့်သည်နှစ်ယောက်၊ မင်္ဂလာဆောင်ဝတ်စုံ ငှားချင်လို့လား။ ကျွန်တော့်ရဲ့ အကြံပြုချက်လိုချင်ပါသလား" နဖူးပေါ်က ဆံပင်တွေကို ငွေရောင်ဆိုးထားတဲ့ ကောင်လေးတစ်ယောက်က မျက်နှာမှာ ခါးသီးတဲ့ပုံစံနဲ့ ဓါတ်လှေကားထဲက ထွက်လာသည်။ ဒါပေမယ့် ဆိုင်ထဲမှာ လူနှစ်ယောက် ရပ်နေတာကိုမြင်တော့ သူ ကော်ဇောပေါ်မှာ ဒူးထောက်လုနီးပါးပဲ။

ဗိုလ်မှူးချင်က ကားထဲက ထွက်လာချိန် နေကာမျက်မှန် ၀တ်ဆင်ထားပေမယ့် ဆိုင်ထဲရောက်ချိန်တွင် ၎င်းတို့ကို ချွတ်ထားကာ သူ့လက္ခဏာကို တမင်ဖုံးကွယ်ထားခြင်း မရှိပေ။

 "ဗိုလ်မှူး ချင်မို?!"

 သူက နာမည်ကျော် တစ်ဦးဖြစ်ကာ အမျိုးသားသူရဲကောင်းတစ်ဦးလည်း ဖြစ်သေးသည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now