အပိုင်း ၆၁

410 54 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၆၁


 စားပွဲက လူတိုင်းဗိုက်ပြည့်သွားတဲ့အချိန် လက်ထပ်ပွဲကို ကိုင်တွယ်တဲ့ ရှေ့နေ ရောက်လာခဲ့သည်။

လျိုဝေဝေ အချိန်ကို ကြည့်ပြီး အံ့သြသွားခဲ့သည်။ ကမ္ဘာပေါ်ရှိ မင်္ဂလာပွဲတွေရဲ့ မင်္ဂလာအချိန်နဲ့အညီ ညနေ ၆း၀၈ နာရီ ဖြစ်ခဲ့သည်။ မထင်မှတ်ဘဲ ဤဓလေ့ကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

လျိုဝေဝေ ဘေးက ချန်တုန်းမိန်က သူမနားမလည်ဘူးလို့ထင်တဲ့အတွက် သူမကိုရှင်းပြခဲ့သည်။ "မင်္ဂလာအချိန်အခါမှာ ငါတို့တကယ် မချမ်းသာချင်ဘူး၊ အားလုံးအဆင်ပြေချောမွေ့မယ်လို့ မျှော်လင့်တယ်။ ဒါက ကောင်းတဲ့အစပဲ"

 ရှေ့နေက စာရွက်စာတမ်းတွေ ကိုင်ဆောင်ထားစဉ် မစ္စစ် ချန်က လျိုဝေဝေ နားနားကပ်ကာ တိတ်တိတ်လေး တီးတိုးပြောလိုက်သည်။ "နေ့လည်က မင်း ဆေးရုံက မဆင်းရသေးတဲ့အချိန် အဲ့ကလေးက မင်းတစ်ခုခုဖြစ်မှာစိုးလို့ အိမ်ထောင်ပြုဖို့ ထူးထူးခြားခြား ရှိသေးလားလို့ မေးတယ်။ ဒါကြောင့်မို့ ငါအိမ်ထောင်ပြုတုန်းကအတိုင်း လိုက်လုပ်ပြီး အဘိုးကြီးရဲ့ ဝတ်စုံအကြောင်း ပြောပြလိုက်တယ်။ အဲ့တာက မင်းရဲ့အိပ်ခန်းထဲမှာရှိတယ် မင်းမမြင်လိုက်ဖူးဘူးလား၊ မင်းအတွက် အိပ်ရာကိုလည်း ငါလုပ်ထားပြီး ကြာစေ့နဲ့ စွံပလွံသီးတွေ ဖြူးပေးထားတယ်

လျိုဝေဝေ ရှက်သွားပေမယ့် နောက်တစ်ကြိမ် ထပ်လှုပ်ရှားသွားခဲ့သည်။

 "ညဘက် သတိထားမှရမယ်။ ယောက်ျားတွေက ကြမ်းတမ်းတယ်။ သူက မင်းကို နာအောင်လုပ်ရင် မင်းပြောမှရမယ်။ မင်းတစ်ယောက်တည်း မဟုတ်တော့ဘူး ပထမသုံးလရဲ့ အန္တရာယ်ကာလကို ကျော်လွန်သွားရင်တောင် မင်းတစ်ယောက်တည်း မဟုတ်တော့ဘူးနော်။ ပထမကလေးဖြစ်တာကြောင့် သတိမထားဘဲမနေနဲ့ " ဆရာမချန်က လျိုဝေဝေကို မျက်တောင်ခတ်ပြလိုက်သည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now