အပိုင်း ၈၃ /၈၄ / ၈၅

155 4 0
                                    



အပိုင်း ၈၃


 နောက်တစ်နေ့တွင် မူမင်က တံခါးဆီ လူကိုယ်တိုင်လာပြီး ငိုယိုခဲ့သည်။ နူးညံ့ချောမောတဲ့ မျက်နှာပေါ် သူ့မျက်လုံးအောက် အနက်ရောင် စက်ဝိုင်းများ ရှိနေခဲ့သည်။ သူ့ တောက်ပတဲ့ ရွှေရောင်ဆံပင်များက အနည်းငယ် မွဲခြောက်နေပြီး ကောက်နေသည်။

လျိုဝေဝေက ဗိုလ်မှူးနဲ့အတူ ကန်တင်းသွားခါနီး မူမင်က အကူအညီတောင်းလာခဲ့သည်။

 ချင်မိုက ဘာအမူအရာမှမပြဘဲ ပြောလိုက်သည်။ “ငါ့အိမ်မှာ မရှိဘူး”

 "ချစ်စရာလေးကို ယူသွားခဲ့တာ မင်းတကယ် မဟုတ်ဘူးလား" မူမင်က အလွန်စိုးရိမ်နေပြီး သူ့ပါးစပ်က အနည်းငယ် ထိန်းမရတော့ပေ။ "မင်း တကယ် မဟုတ်ဘူးလား။ မင်း အိမ်ရဲ့ကြမ်းပြင်ပေါ်မှာ မနေ့က ချစ်စရာလေး ဆီးသွားခဲ့ပေမယ့် အဲဒါက ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်ဘူး။ သနားစရာကောင်းတဲ့ ချစ်စရာမြေခွေးလေးကို မင်းအပြစ်ပေးလို့မရဘူး"

လျိုဝေဝေက အနည်းငယ်ရှက်သွားပေမယ့် သူမဗိုလ်မှူးကိုကြည့်ပြီးနောက် သိမ်မွေ့တဲ့ အမူအရာနဲ့ ဒီကိစ္စနဲ့မပတ်သက်ဖို့ ဆုံးဖြတ်ကာ နှုတ်ဆိတ်နေခဲ့သည်။ သူမ အခုအချိန်မှာ အထဲမှာ အိပ်ပျော်နေတဲ့ ရှောင်ပိုင်ကို တစ်ချက်ကြည့်လိုက်သည်။ လိမ္မာရေးခြားရှိပြီး ဖက်ထုပ်လေးလို ကွေးကာ အိပ်နေသည်။ သူမရဲ့ ရှောင်ပိုင်က စိုးရိမ်ပူပန်မှုအကင်းဆုံးဖြစ်ကြောင်း သူမခံစားမိသည်။

ချင်မိုက သူ့ပါတနာပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ ယူဆချက်တွေ ကြားနေရတာ စိတ်မရှည်ဘဲ တုံ့ပြန်ဖို့ကို ပိုဆန္ဒမရှိခဲ့ပေ။ မူမင်ကို ကြည့်ဖို့ စိတ်မ၀င်စားဘူး။ သူ လျိုဝေဝေ ရဲ့ လက်လေးကို ဆွဲပြီး တံခါးအပြင် ထွက်သွားခဲ့သည်။

 လမ်းတစ်လျှောက်တွင် အလှလေး မူမင်က သူ့မြေခွေးလေးကို ခိုးယူရဲတဲ့သူ တစ်ယောက်ယောက်ကို ရက်စက်စွာစွပ်စွဲခဲ့သည်။ သူ အသည်းကွဲနေပြီ "တရားခံကို ဖမ်းမိရင်တော့ သူ့ကို အရေခွံကိုခွာပစ်လိုက်မယ်! လူမဆန်ဘူး၊ ချစ်စရာလေးကို အဲ့လိုတစ်ခုခုလုပ်ပစ်နေပြီလား။ လူမဆန်ဘူး! ငါ သူ့ကြွက်သားတွေကို ဒယ်အိုးထဲ မထည့်ခဲ့ရင် ငါ့နာမည်ကို ပြောင်းပြန်ရေးပစ်လိုက်မယ် "

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now