အပိုင်း ၇၇

239 29 0
                                    

Unicode

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း

အပိုင်း ၇၇


 ကျူးယာနဲ့ သူဌေးလျိုတို့က စားလို့ပြီးခါနီးပြီ။ ကောင်မလေးနှစ်ယောက်က အပြင်မှာ နံပါတ်တွေအလိုက် တန်းစီပြီး နောက်ဆုံးမှာတော့ ဆိုင်ထဲ ဝင်လာခဲ့သည်။ အချိန်အခဏစောင့်နိုင်စေရန်အတွက် ကျူးယာရဲ့စားပွဲတွင် ဝင်joinရန် စက်ရုပ်က သူတို့ကို စီစဉ်ပေးခဲ့သည်။ ဆိုင်သေးသေးလေးမှာ ထမင်းစားသူအများစုက လာပြီး တခြားစားနေကြတဲ့ စားပွဲမှာ ဝင်စားကြတာဆိုတော့ အားလုံးက အခုဒါမျိုး အရမ်းသုံးနေကြပြီ။ ဒါပေမယ့် ကောင်မလေးနှစ်ယောက်က ပြောနေတာကိုကြားတော့ ကျူးယာ မျက်မှောင်ကြုတ်ဖို့ အချိန်အကြာကြီး မကြာလိုက်ပေ။

 "မိုမို၊ ဒီမှာ တကယ်စားလို့ ကောင်းတယ်ထင်လား"

 "ငါ့ရဲ့တစ်ဝမ်းကွဲဆီက ကြားတာတော့ သူဌေးက သူ့အတန်းဖော် ဖြစ်နိုင်တယ်။ တစ်ဖက်လူက ဘာမှ မလုပ်နိုင်တဲ့ ဆင်းရဲတဲ့အမျိုးသမီး တစ်ယောက်ဆိုတာ သိသာတယ်"

 "ဟင်။ အင်တာနက်မှာ သူဌေး ဟူးခြောက်လှီးထားတဲ့ ဗီဒီယိုတွေ ရှိတယ်။ အံ့သြစရာကောင်းတယ်နော် "

 "ငါ့တစ်ဝမ်းကွဲလည်း ကြည့်ပြီးပြီ။ သူမ အတန်းဖော်က အရမ်းပိန်တယ်လို့ ပြောတယ်၊ သူမ လက်တွေက ဗီဒီယိုထဲက ပုံနဲ့ မတူဘူး"

 "ဒါဆို ဘာအဓိပ္ပာယ်လဲ"

 "ဒါက ငါ့တစ်ဝမ်းကွဲရဲ့ အတန်းဖော်တွေ လိမ်တာပဲဖြစ်မယ်။ ဒါမှမဟုတ် သူဌေးက လိမ်တာပဲဖြစ်မယ်။ အတိုချုပ်ပြောရရင်ဟာ ဒါက ဒုက္ခရောက်နေတဲ့ ရေထဲက ငါးတွေ ဖြစ်နိုင်တယ်"

 "ဘယ်လိုမှမဖြစ်နိုင်ဘူး"

 "ဒါက ကြယ်ကွန်ရက်မှာ အတုလုပ်ထားတဲ့ အစားအစာတစ်ခုပဲလေ။ သူမက အော့ဖ်လိုင်းကနေ ချက်လို့မရတာ ဖြစ်နိုင်တယ်။ ငါတို့စားပြီးရင် အဲဒါကို ပြောကြရအောင်"

ကျူးယာက ဒီစကားပြောသံကို ကြားတဲ့အခါ အလွန်စိတ်မကောင်းဖြစ်မိသည်။ စားပွဲပေါ်က ပန်းကန်ပြားအများစုက အလွတ်ဖြစ်နေပြီ။ ဒီကလေးမလေးနှစ်ယောက်က ဘာကိုဆိုလိုလဲ၊ မကြာခဏ လာစားကြတဲ့ သူ့လိုလူတွေက အတုမဲ့ အတွေ့အကြုံကို ခံစားနေကြတဲ့ မိုက်မဲတဲ့ ဖဲချပ်တွေလို့ မဆိုလိုလိုက်ဘူးလား။ အော့ဖ်လိုင်းချက်ပြုတ်နည်း မသိသူတစ်ဦးက ၎င်းတို့ကို လှည့်စားခဲ့သည်။

ကြယ်တာရာခေတ် စားဖိုမှူး ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်း (Trans )Where stories live. Discover now