၁(straight စစ်စစ်ဆိုတဲ့တစ်ယောက်gayသွားတယ်)

22.1K 836 10
                                    

Uni...

Love like Fire ( Chapter 1)🚨
(straightစစ်စစ်ဆိုတဲ့တစ်ယောက်gayသွားတယ်)

ရန်ကုန်မြို့ရဲ့ ​ပြင်းထန်လှတဲ့အပူရှိန်ကတော့
ညနေ ၆နာရီရောက်သည်အထိတောင်မလျော့သေး ပို၍ပင်ပူလာသလို...။
ခန့်ငြားရိပ်တစ်ယောက် ဆေးရုံထဲကထွက်လိုက်သည်နှင့် ခန္ဓာကိုယ် ကိုလေပူများ လာရောက်တိုက်ခတ်လေသည်...။

ဆေးရုံထဲတွင်တော့ တစ်ချိန်လုံး အဲယားကွန်းဖွင့်ထားသဖြင့်သိပ်မပူလှသော်လည်း အပြင်ထွက်လိုက်သည့်အချိန်တွင်တော့ ခန့်ငြားရိပ်ခန္ဓာကိုယ်တွင် ချွေးများစို့လာတော့သည်...။

အလုပ်ပင်ပန်းလွန်းသဖြင့် ခန့်ငြားရိပ်သူ့ခြေထောက်သူတောင် မသယ်ချင်လောက်အောင်ဖြစ်နေပြီ ဖြစ်သည်။
သို့​ပေမဲ့မြန်မြန်ဆန်ဆန်ပဲ သူ့ကားအကောင်းစားပေါ်တက်ကာ အဲယားကွန်း ဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ သူ့ပါးစပ်မှလေပူတွေ မှုတ်ထုတ်လိုက်လေသည်...။

ခန့်ငြားရိပ် မနေ့ကတစ်ညလုံးလည်း မအိပ်ရသေးသလို ဒီနေ့တစ်နေ့လုံးလဲ မနားရသေးပါ။
ညဂျူတီရော နေ့ဂျူတီပါ ဆက်သွားတာဖြစ်သည်...။ခန့်ငြားရိပ် ပုဂ္ဂလိကဆေးရုံများတွင်ဝင်လုပ်၍ရသော်လည်း သူသည် အစိုးရဆေးရုံကိုသာ ရွေးခဲ့သည်။ အလုပ်လည်းပိုပင်ပန်းသလို ပုဂ္ဂလိက ဆေးရုံတွေလောက်လည်း ငွေများများ စားစားမရပါ...။သို့ပေမယ့် သူသည် နာမကျန်းဖြစ်သူများအား ပြန်ကောင်းအောင် ကုသပေးနေရရင်ကိုကျေနပ်နေသူဖြစ်သည်....။

ခန့်ငြားရိပ် မျက်လုံးများမှိတ်ကာ ကားကူရှင်
ကိုခေါင်းမှီထားတုန်း ဖုန်းလာတာကြောင့်
ဖုန်းscreen ပေါ်က Contact ကိုကြည့်လိုက်သည်...။

သူ့ရဲ့နှစ်ယောက်မရှိတဲ့ချစ်သူလေး မင်းသားရှိုင်းခက်ယံဆီကမှန်းသိတော့
ခန့်ငြားရိပ် ပင်ပန်းတာတွေပျောက်ကာ ပြုံးရင်း ​ချက်ချင်းဖုန်းကိုင်လိုက်သည်။
" hello ရှိုင်းပြော"

" မင်း ဘယ်မှာလဲ "

" ငါဆေးရုံက ကားပါကင်မှာပဲရှိသေးတယ်"

တစ်ဖက်ကမကြည်သာသည့်အသံဖြင့်
" ကျစ် မင်းမနေ့ညကလည်း ညဂျူတီဝင်ရတယ်မဟုတ်ဘူးလား။ အခုချိန်ထိလည်း ဆေးရုံမှာပဲလား မြန်မြန်ပြန်လာခဲ့တော့ ငါအခုမင်းအိမ်မှာ မိနစ် ၃၀အတွင်းအရောက်လာခဲ့နော်။ နောက်ကျရင် ငါ့အကြောင်းသိတယ်မလား။"
လို့ပြောကာ  ​ချက်ချင်း ဖုန်းချသွားသည်။

Love Like Fire(OC)Where stories live. Discover now