7(မင်းရောငါ့ကိုကြိုက်လား)

7.9K 442 2
                                    

Uni....

Love like Fire ( Chapter 7)
( အတိတ်ကို ပြန်တွေးခြင်း
                                 မင်းရောငါ့ကိုကြိုက်လား)

ခန့်ငြား နောက်တစ်နေ့မနက် ရှိုင်းခက်ယံဆီသွားတော့
နေကအနောက်ကထွက်သလိုမျိုး ရှိုင်းခက်ယံ အစောကြီး နိုးနေလေသည်။ အလုပ်မရှိသည့်ရက်များ၌ ရှိုင်းခက်ဘယ်တော့မှအစောကြီးမထဖူး...။

" မင်း..မင်းနိုးနေတာလား"

" ဘာထူးဆန်းလို့လဲ....အပိုတွေမပြောဘဲ မနက်စာ အမြန်ပြင်ပေး ဗိုက်ဆာနေပြီ"

ခန့်ငြားမီးဖိုထဲဝင်တော့ ရှိုင်းခက်ယံလည်း လိုက်ဝင်လာကာ လုပ်သမျှမျက်စိဒေါက်ထောက်လိုက်ကြည့်နေတာကြောင့် ခန့်ငြားနေရခက်လာသည်။

" ရှိုင်းခက်ယံ ပြီးရင်ခေါ်လိုက်မယ် အပြင်မှာသွားနေပါလား။ "

" ကိုယ့်အိမ်ထဲမှာ နေချင်တဲ့နေရာနေမှာပေါ့"

ခန့်ငြား ပြန်မပြောနိုင်ဘဲ သက်ပြင်းသာချလိုက်ပြန်သည်...။

ရှိုင်းခက်ယံ မနက်စာ စားပြီးသွားတော့
ဆိုဖာပေါ်တွင်ထိုင်ကာ ဖုန်းသုံးနေလေသည်။
ခန့်ငြားလည်း လုပ်စရာရှိတာများကိုလုပ်နေလိုက်သည်။

ရန်ကုန်မြို့သည် တစ်နေ့လုံး နေပြင်းထန်စွာပူပြီးနောက် ညပိုင်း၌မိုးသည်းစွာ ရွာသွန်းခဲ့လေတော့သည်။မိုးကအရမ်းသည်းတာကြောင့် ခန့်ငြားမပြန်သေးဘဲ ခဏစောင့်နေလိုက်သည်။ သို့သော် ၈နာရီထိုးသည်အထိမိုးမတိတ်သေးတာကြောင့် ခန့်ငြား ရှိုင်းခက်ယံ ကိုပြောလိုက်သည်။

" ငါထီးငှားသွားမယ်နော် "

" ဒီလောက်မိုးသည်းနေတာကို မသွားနဲ့အုံး"

" ဒါပေမဲ့ နောက်ကျနေပြီ ရေလည်းချိုးရအုံးမယ်"

" ချိုးချင်ရင် ဒီမှာချိုးလိုက်လေ ငါ့အင်္ကျီယူဝတ်လို့ရတယ်"

" တော်ပြီ ကျေးဇူးပဲ "ခန့်ငြားအသည်းအသန်ငြင်းတာကြောင့်

" ဘာလဲ Gay တစ်ယောက်ရဲ့ အင်္ကျီယူမဝတ်ချင်လို့လား "

" အဲ့လိုမဟုတ်ပါဘူး။  "

" မင်းပဲငါနဲ့သူငယ်ချင်းလုပ်မယ်ပြောပြီးသားလေ သူငယ်ချင်း အိမ်မှာနေသလို သက်တောင့်သက်သာနေလို့ရတယ်"

Love Like Fire(OC)Where stories live. Discover now