10(အီစီကလီလုပ်သောgay ကောင်)

7.3K 440 7
                                    

Uni...

Love like Fire ( Chapter 10)
( အတိတ်ကိုပြန်တွေးခြင်း.....
                အီစီကလီလုပ်သော gay ကောင်)

ရှိုင်းခက်ယံ ခန့်​ငြားအိမ်ထဲသို့ဝင်ပြီး ဆိုဖာပေါ်တွင် လှဲချလိုက်သည်။
" ဒီနေ့ပင်ပန်းတာ သေမလိုပဲ။ ဗိုက်ဆာတယ် စားစရာမရှိဘူးလား။"

ခန့်ငြားသည် ရှိုင်းခက်ယံ ဘာဖြစ်ချင်နေမှန်းနားကိုမလည်နိုင်တော့
" ရှိုင်းခက်ယံ ဘာပစ္စည်းကျန်ခဲ့တာလဲ အဲ့ဒါအရင်ပြောလေ"

" ပစ္စည်းကိစ္စခဏထားလိုက်အုံး ငါမင်းကိုပြောစရာရှိတယ် "
ရှိုင်းခက်ယံ လှဲနေရာမှ ထထိုင်လိုက်ပြီး တည်တည်ကြည်ကြည်ပုံစံနဲ့ပြောလာသည်။

" ဘာလဲ"

" ငါ့ဆီမှာ အလုပ်ပြန်လုပ်ပါလား"

" ဘာ... "

ခန့်ငြားငြင်းမဲ့ပုံရှိတာကြောင့် ရှိုင်းခက်ယံစကားဖြတ်ပြောလိုက်သည်။

" ငါပြောတာ အရင်ဆုံးအောင်နားထောင်အုံး။
မင်းချက်ကျွေးတဲ့ ထမင်းဟင်းတွေကအရမ်းစားကောင်းတယ်။ မင်းချက်ကျွေးတာစားပြီးကတည်းက တစ်ခြားဟာတွေငါသိပ်ခံတွင်းမတွေ့တော့ဘူး။ မင်းလည်းကေ​ျာင်းတစ်ဖက်နဲ့ဆိုတာသိပါတယ်။ ညစာလေးပဲဖြစ်ဖြစ် ချက်ကျွေးလို့မရဘူးလား။  လစာက မင်းကြိုက်သလောက်ပြော မင်းလည်းပိုက်ဆံလိုတယ်မလား။ တစ်ခြားအလုပ်လုပ်တာထက်စာရင် ငါ့ဆီမှာလုပ်တာပိုမကောင်းဘူးလား"

" မကောင်းဘူး..."
ခန့်ငြား ပြတ်ပြတ်သားသားပင်ငြင်းလိုက်သည်။

"ဘာလို့လဲ ငါမင်းကိုနမ်းလိုက်တဲ့ကိစ္စကိုမကျေနပ်လို့လား"
ရှိုင်းခက်ယံ မချိုမချဥ်ရုပ်ဖြင့်မေးလိုက်သည်။

" ဘာ ဘာတွေလာပြောနေတာလဲ အဲ့ကိစ္စသတိတောင်မရပါဘူး"
ခန့်ငြား မလုံမလဲဖြင့် ဇွတ်ငြင်းသည်။

" အဲ့ဒါဆို အကြောင်းပြချက်ပေးလေ"

" အကြောင်းပြချက်မရှိဘူး မင်းဆီမှာမို့လို့ကိုမလုပ်ချင်တာ"

ရှိုင်းခက်ယံ မျက်နှာလေးကိုအနည်းငယ်ညိုးငယ်ချင်ယောင်ဆောင်လိုက်ပြီး
" ငါက Gay မို့လို့လား ဟုတ်တော့လဲ ဟုတ်ပါတယ်။ ငါ့မိဘတွေတောင်ငါ့ကိုသဘောကျကြတာမှမဟုတ်ပဲ"

Love Like Fire(OC)Where stories live. Discover now