၂(မီးပုံတိုးတဲ့ပိုးဖလံအားမလောင်ရဲတော့ပါ)

12.8K 634 8
                                    

Uni....

Love like Fire ( Chapter 2)
( မီးပုံတိုးတဲ့ပိုးဖလံအားမလောင်ရဲတော့ပါ)

ခန့်ငြား ပင်ပန်းမှုကြောင့် အိပ်ပျော်သွားပြီး ညလယ်တစ်ရေးပြန်နိုးလာချိန်တွင်
ရှိုင်းခက်ယံ၏ လက်တွေက သူ့အား မြွေတစ်ကောင်လိုရစ်ပတ်၍ ဖက်ထားလေသည်။

ခန့်ငြား၏မျက်နှာသည် ရှိုင်းခက်ယံ၏ လည်တိုင်နဲ့ ထိကပ်နေတာကြောင့် ရှိုင်းခက်ယံ၏ကိုယ်သင်းနံ့မွှေးမွှေးသည်လည်း သူ့နှာခေါင်းထဲသို့တိုက်ရိုက်ဝင်ရောက်လျက်ရှိသည်...။

ခန့်ငြား၏ ခန္ဓာကိုယ်ကတော့ ဆေးရုံနံ့တွေသာအမြဲစွဲကပ်နေတက်သည်။ ရေချိုးပြီးချိန်တောင် ထိုအနံ့များကမပျောက်ချင်...။
ခန့်ငြားအောက်ပိုင်းက စေးကပ်မှုမရှိတာကြောင့် ရှိုင်းခက်ယံ သန့်ရှင်းထားပေးမှန်းသိလိုက်သည်။

သို့သော် နာကျင်မှုကတော့မပျောက်သွား။ ထို့ပြင် ဗိုက်ကလည်း အလွန်ဆာနေလေသည်။ နေ့လည်က ပေါင်မုန့်အချို့သာ စားထားသည့်အပြင် ညတုန်းကလည်း ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထန်လုပ်လိုက်ရသေးသည်။
ခန့်ငြားဗိုက်မှ " ဂွီ ဂွီ"ဟု အသံထွက်လာသည်မှာ အနည်းငယ်ကျယ်သွားပုံရသည် ရှိုင်းခက်ယံပါနိုးလာလေသည်။

" ခန့် မင်းဗိုက်အရမ်းဆာနေတာလား"

" အင်း နေ့လည်ကလည်း နည်းနည်းပဲစားထားရလို့"

ရှိုင်းခက်ယံကမကျေမနပ်ဖြင့် အပြစ်တင်သည်။
" ကျစ် အဲ့စောက်ဆေးရုံက ဆရာဝန်တွေကို အလုပ်ဘယ်လောက်တောင်ခိုင်းတာလဲ ထမင်းတောင်ကောင်းကောင်းမစားခိုင်းဘူးလား"

" လူနာများတဲ့ရက်ဆို အကုန်ဒီတိုင်းပါပဲ ငါတစ်ယောက်ထဲမဟုတ်ဘူး "

" ဆေးရုံက မင်းတို့ဆေးရုံတစ်ရုံထဲရှိတာလား တစ်ခြားဆေးရုံသွားကြပေါ့"

" ပုဂ္ဂလိက ဆေးရုံတွေက စျေးကြီးတယ်လေ
သာမာန်လူတွေက ဘယ်သွားနိုင်ပါ့မလဲ"

" မင်းကိုအစထဲက ပုဂ္ဂလိက ဆေးရုံမှာပဲလုပ်ဖို့ငါပြောသားပဲ။ အခုလည်းနောက်မကျသေးဘူးငါ့အသိဆေးရုံမှာမင်းဝင်လုပ် အခုဆေးရုံကထွက်လိုက်တော့အလုပ်ကများပြီး ပေးတော့လစာကနည်းနည်းလေး ။"

Love Like Fire(OC)Where stories live. Discover now