33(အဖိုးတန်ဆုံး လူသား)

7.6K 447 44
                                    

Uni

Love Like Fire (Chapter 33)
( အဖိုးတန်ဆုံးလူသား  )

ခန့်ငြားရိပ် အသိစိတ်ဝင်လာချိန် မျက်လုံးနှစ်လုံးကို အားယူကာ ဖွင့်လိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း အင်အားတွေ ဆုတ်ယုတ်နေသယောင်...

အမြင်အာရုံရှင်းလင်းသွားပြီး ဘေးဘီကိုကြည့်တော့ အခန်းကျယ်ကြီးတစ်ခုရဲ့အလယ်က ကုတင်ပေါ်မှာသူလဲနေတာဖြစ်သည်...။

လက်နှစ်ဖက်ကို အားယူ၍ မွေ့ယာကိုထောက်ကာ ထလိုက်သည်...။
ညာဘက်လက်က လေးလံနေသည့်အရာကြောင့် ကြည့်လိုက်တော့ ကုတင်တိုင်နဲ့ သူ့လက်ကိုတွဲထားသည့် သံကြိုးရှည်ကြီးတစ်ခု...။

သူပြန်စဥ်းစားလိုက်ပြီးမှတ်မိသည့် နောက်ဆုံးအရာက ရှိုင်းခက်ယံနဲ့စကားများပြီး ထွက်သွားဖို့လုပ်သည့်အချိန်...

" ကျစ် ဘာတွေဖြစ်နေတာလဲကွာ"

လက်က သံကြိုးကို ကြိုးစားပြီးဖြုတ်ကြည့်ပင်မယ့်မရ ဖုန်းလေးဘာလေး တွေ့လိုတွေ့ငြား အခန်းထဲမှာ လိုက်ပတ်ရှာသော်လည်းမတွေ့။ အခန်းပြင်သို့ထွက်ရန်လုပ်သော်လည်း ချည်ထားသည့် ကြိုးကတားဆီးနေပြန်သည်...။

ခန့်ငြားစဥ်းစားရင်း စဥ်းစားရင် ဒေါသထွက်လာရတော့သည်။ဒါသူ့ကို
ရှိုင်းခက်ယံကအပြစ်သား တစ်ယောက်လိုဖမ်းဆီးထားတာပဲဖြစ်သည်။

" ရှိုင်းခက်ယံ ရှိုင်းခက်ယံ.... " ခန့်ငြားရိပ် ကျယ်လောင်စွာ အော်ခေါ်နေသော်လည်း မည်သည့်အသံမှ မတုန့်ပြန်လာ....။

******

ရှိုင်းခက်ယံ ကအောက်ထပ်တွင်အေးအေးဆေးဆေး ပင်ထိုင်နေပြီး
အောင်အောင်အား သူ့အစီအစဥ်တွင်ကိုမှာကြားနေသည်...။

" အဲ့ကလေးကို မင်းပဲ ထိန်းထား ဒီအတောအတွင်း "

" ကိုခက် ဖြစ်ပါ့မလားဗျာ။ဒီကိစ္စက အခန့်မသင့်ရင် "

" ဖြစ်လာသမျှ ငါ့ဘာသာရှင်းမယ်..."

" ကိုခက် ဒီတစ်ခါတော့ သေချာလေးစဥ်းစားပါဗျာ တစ်ခုခုလွဲချော်သွားရင် ကိုခန့်က တစ်သက်လုံး မုန်းနေလိမ့်မယ်။ဒီလိုကြီး တစ်သက်လုံး သူ့ကိုဖမ်းထားလို့ရမှာလည်းမဟုတ်"

Love Like Fire(OC)Where stories live. Discover now