43 ( လူသတ်သမားငှားခြင်း )

5.8K 336 28
                                    

Uni...

Love Like Fire ( Chapter 43)
( လူသတ်သမားငှားခြင်း)

ရှိုင်းခက်ယံလေးလံလှသည့် ခြေလှမ်းများဖြင့် သူ့အဖွားအိမ်ထဲသို့ဝင်သည်။
သူ့အားစောင့်နေသည့် အဖေ၊အမေနှင့်အဖွား...

သူ့က်ုမြင်သည်နှင့် အဖွားကဝမ်းသာအားရ လာဖက်သည်။

" အမလေး မြေးရယ်...အဖွားကအရမ်းလွမ်းနေတာ။အခုဘာမှမဖြစ်တော့ဘူးနော် အားလုံးအဆင်ပြေသွားပြီ။"
ပြောရင်း ရှိုင်းခက်ယံပါးလေးအားဖွဖွကိုင်ကာ ကြည့်သည်။

" ပိန်သွားလိုက်တာ ဒီအတောအတွင်း ဒုက္ခတွေများသွားပြီ ။ ဗိုက်ဆာနေရောပေါ့... မြေးကြိုက်တဲ့ အစားအသောက်တွေအများကြီးချက်ထားတယ်။ သွားစားရအောင်"

ရှိုင်းခက်ယံ၏ အမေနဲ့အဖေ ဘာမှပြောခွင့်
ဆူခွင့်မရှိအောင် သူ့၏အဖွားကကြိုပိတ်ထားသည်။

" အဖွား ကျွန်တော်မဆာသေးဘူး ခဏ နားလို့ရမလား ..."
ရှိုင်းခက်ယံ၏အသံမှာ အားမရှိပဲ ဖျော့တော့နေသည်။

" အမေ့ ယံယံကိုနားခိုင်းလိုက်ပါ ပြီးမှ သူ့အတွက် အစားအသောက်တွေ သွားပို့ပေးလိုက်မယ်။"ထိုအခါမှ ရှိုင်းခက်ယံ အမေက ဝင်ပြောလာသည်။
သူ့သားပုံစံက သိပ်မဟန်တာကြောင့် ဖိအားပေးလို့မရ...။

" အေးကွယ် ...နားမယ်ဆိုရင်နား ရတယ်မြေး"

ရှိုင်းခက်ယံလည်း ခေါင်းအသာငြိမ့်ပြပြီး သူပြန်လာမအိပ်ဖြစ်တာ ကြာပြီဖြစ်သည့် အပေါ်ထပ်က သူ့အခန်းထဲသို့သွားတော့သည်။

ရှိုင်းခက်ယံ၏ဖခင်မှာ ဆူဆုံးမချင်သည့်ဟန်ရှိသော်လည်း... ရှေ့ကကာနေသည့် အမေနဲ့အဖွားကြောင့် ဘာမှပြောခွင့်မရှိ။ထို့ကြောင့်
ရှိုင်းခက်ယံအပေါ်တက်သွားတော့မှ....

" မဟုတ်သေးပါဘူး ဒီလောက်ပြဿနာတွေဖြစ်ထားတာ ဘာမှမမေးပဲ ဒီတိုင်းထားလိုက်တော့မလို့လား။"

ရှိုင်းခက်ယံ မိခင် ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး
"ဘာမေးစရာလိုသေးလဲ ဘာတွေဖြစ်သွားလည်း အကုန်သိပြီးသားပဲ မေးလည်း ယံယံပိုစိတ်ထိခိုက်တာပဲရှိမယ်။"

" အဲ့ဒါဆို ယံယံနဲ့ ဟိုဆရာဝန်ကောင်လေး ကိစ္စက ဘယ်လိုဆက်လုပ်ကြမလဲ"
ရှိုင်းခက်ယံ အဖေကပြောတော့ အဖွားကဝင်၍

Love Like Fire(OC)Where stories live. Discover now