29(မင်းနဲ့ပဲဖြစ်ချင်တာ)

8.6K 470 42
                                    

Uni...

Love Like Fire (Chapter 29)
(  မင်းနဲ့ပဲဖြစ်ချင်တာ)

“ လွမ်းတယ်…အခုရှိုင်းခက်ယံက ငါ့ကိုလွမ်းတယ်လို့ပြောလိုက်တာလား။
အရင်တုန်းက ငါ့ကိုရင့်ရင့်သီးသီးတွေပြောပြီး ထွက်သွားခိုင်းတဲ့သူကလေ”
ခန့်ငြားရိပ် ရဲ့အတွေးတွေဝေဝါးလို့သွားကာ

“ မဟုတ်ဘူး လိမ်နေတာ ရှိုင်းခက်ယံလိုတစ်ကိုယ်ကောင်းဆန်တဲ့ကောင်က ငါ့ကိုလွမ်းစရာအကြောင်းမရှိဘူး ။ခန့်ငြားသတိထားစမ်း မင်းသူ့ဆီမှာထပ်လှည့်စားမခံနဲ့တော့ ။သူ့ကသရုပ်ဆောင်ပဲဟာ သူရဲ့အပြစ်ကင်းသလိုအမှန်အတိုင်းပြောနေတဲ့ရုပ်ထဲမှာ မကျဆုံးစေနဲ့”
ခန့်ငြား သူ၏စိတ်အလုံးစုံကို ပြန်လည်ခေါ်ယူလိုက်ကာ အားတင်းလိုက်ပြီး

“ ရှိုင်းခက်ယံ မင်းဟာမင်းဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး။နောက်တစ်ခါငါ့ကိုဒီလိုမျိုးထပ်လုပ်ရင် မင်းဘာကောင်ဖြစ်ဖြစ် ငါသည်းခံမှာမဟုတ်ဘူး”

ရှိုင်းခက်ယံ အရင်နဲ့မတူပဲ ပြောင်းလဲသွားတဲ့ ခန့်ငြားကိုကြည့်ကာ အနည်းငယ် အံ့သြသွားရသည်။
ပြီးနောက် မဲ့ပြုံးတစ်ခုနဲ့အတူပြန်ပြောသည်။
“ သည်းမခံဘူးဆိုတော့ ဘာလုပ်မယ်စဥ်းစားထားလဲ  ..”

ရှိုင်းခက်ယံတို့နှစ်ယောက် စကားများနေတုန်း ခန့်ငြားဖုန်းမှ ringtone သံလေးထွက်ပေါ်လာသည်။

🎵It's you….It's always you🎵
(မင်းပဲ အမြဲတမ်းမင်းပါပဲ)

ခန့်ငြားphone contact ကိုကြည့်လိုက်တော့ နိုးနိုးကိုစောင့်ပေးတဲ့ အဒေါ်ဆီက ဖြစ်တာမို့ ဖုန်းကိုင်ဖို့ လုပ်ပေမဲ့ ရှိုင်းခက်ယံ သူ့လက်ထဲက ဖုန်းအားဆွဲလုသွားလေသည်။

🎵If I'm ever gonna fall in love… I know it's gon'be you🎵
(တစ်ချိန်ချိန်မှာ ငါထပ်ချစ်မိမယ်ဆိုရင် အဲ့လူက မင်းပဲဖြစ်လိမ့်မယ်)

“ ရှိုင်းခက်ယံ ဘာလုပ်တာလဲပေး”
ခန့်ငြားရိပ် ပြန်လုပင်မဲ့လည်းမရ နဂိုထဲက သူ့ထက်အရပ်ရှည်တဲ့ ရှိုင်းခက်ယံ ကအခုခြေဖျားပါထောက်ပြီး ဖုန်းကိုလက်ဖျားလေးနဲ့ကိုင်ကာ လေပေါ်မြှောက်ထား တာကြောင့် သူဘယ်လိုမှမမှီ

Love Like Fire(OC)Where stories live. Discover now