21( မွေးနေ့ရှင်အား အနိုင့်ကျင့်+++)

9.2K 431 8
                                    

Uni...

Love Like Fire (Chapter 21)
( မွေးနေ့ရှင်အား အနိုင်ကျင့်)

“ ဟင် နှင်းမိုမိုက မရှိတော့ဘူးလား…”

“ အေးလေ သူဆေးရုံပြောင်းပြီလေ မနေ့ကဒီဆေးရုံမှာလုပ်တာ နောက်ဆုံးနေ့ပဲ မသိဘူးလား”

“ ဟင့်အင်း “
ခန့်ငြားက တစ်ခြားလူတွေကိစ္စ မစပ်စုတက်သလို စိတ်လည်းမဝင်စားတာကြောင့် ဘာမှမသိပေ။

“ သူနဲ့ဘာကိစ္စရှိလို့လဲ…”

ခန့်ငြား ခေါင်းခါပြလိုက်ပြီး
“ ကိစ္စတော့မရှိပါဘူး မေးကြည့်တာ”

ပြောနေတုန်းပဲနှင်းမိုမိုတစ်ယောက် မုန့်ထုပ်တွေနဲ့ဆေးရုံထဲသို့ဝင်လာသည်။

“ နှင်း ပြောင်းပြီးဆို “
သူနာပြုတွေနဲ့ ဆရာဝန်တွေက လှမ်းမေးကြသည်။

“ ဟုတ်တယ် ဒါပေမဲ့ နှင်းပစ္စည်းကျန်ခဲ့တာရှိလို့လာယူတာ ပြီးတော့ အားလုံးအတွက်မုန့်တွေလည်းယူလာတယ်။“
ပြောရင်း မုန့်ထုပ်တွေကမ်းပေးသည်။
ပြီးနောက်ယူစရာရှိတာယူပြီး ပြန်ဖို့လုပ်သည်။

ခန့်ငြားမှာ ဘာမှမဖြစ်ခဲ့သည့် နှင်းမိုမိုရဲ့ပုံကြောင့် စကားစပြောသင့်မပြောသင့်စဥ်းစားနေတုန်း

“ ဟုတ် အားလုံးပဲ နှင်းသွားပြီနော်” ဆိုကာ နှုတ်ဆက်ပြီး ထွက်သွားသည်။
ခန့်ငြားရိပ်အား ပြုံးတောင်ပြုံးပြသွားသေးသည်။

ခန့်ငြားလည်း ထွေထွေထူးထူးမစဥ်းစားနေတော့ သူကိုယ်တိုင်လည်း ဘာမှမဖြစ်ခဲ့လောက်ဘူးဟုပဲထင်သည်။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့သည်ဆိုရင်လည်း နှင်းမိုမိုက မပြောပဲမနေလောက်ပေ…ထို့ကြောင့် ခန့်ငြားစိတ်ကိုလျော့လိုက်တော့သည်….။

၁လခန့်ကြာပြီးနောက်…

ယခုချိန်ထိ ခန့်ငြားအား ရှိုင်းခက်ယံကအဖက်မလုပ်သေးပေ။ ခန့်ငြားရိပ်ကပဲ အကြီးပီပီ ချော့ရသည်။
ရှိုင်းခက်ယံနဲ့ခန့်ငြား မွေးနေ့မှာလပိုင်းသာကွာပေသည်…။
အောင်အောင်က တစ်ဆင့်သာ ရှိုင်းခက်ယံ အကြောင်းသိရပြီး စားစရာလေးတွေလုပ်၍ ရှိုင်းခက်ယံထံ ပို့ပို့ပေးသည်…။ ရှိုင်းခက်ယံစားသည်ဟု
အောင်အောင်ပြန်ပြော၍ ရှိုင်းခက်ယံသူ့အား ပြတ်ဖို့အစီအစဥ်မရှိသေးမှန်းသိရတာကြောင့် ခန့်ငြားမှာ ပျော်ရွှင်သွားသည်။

Love Like Fire(OC)Where stories live. Discover now