27 (ပြန်လည်တွေ့ဆုံချိန်)

8.8K 468 18
                                    

Uni...

Love Like Fire (Chapter 27)
( ပြန်လည်တွေ့ဆုံချိန် )

3နှစ်ခန့်ကြာပြီးနောက်....

မြန်မာနိုင်ငံရှိလေဆိပ်တွင် ဆင်းသက်လိုက်တော့ ခန့်ငြား၏စိတ်ထဲတွင်နွေးထွေးသွားသည်။
အသွားတုန်းကနဲ့မတူပဲ ယခုတော့ နေရောင်ခြည်က လှပစွာတောက်ပအလင်းဖြာနေသည်။

လေဆိပ်ထဲတွင် အဲယားကွန်း ရှိနေတာကြောင့် ခန့်ငြားတို့အပူဒဏ်ကိုမခံစားရသေး...။
ခန့်ငြား သူ့မွေးရပ်မြေကို ပြန်ရောက်လာရတာ ပျော်ပါသည်။နိုင်ငံခြားမှာနေရတာ အဆင်မပြေလှကိုယ့်အိမ်ကိုယ့်ရာဖြစ်သော မြန်မာနိုင်ငံကြီးကိုသာ ချစ်မြတ်နိုးပါသည်။
(AN-ဝတ္ထုအရသာ ရေးတာပါ.. ခွန်းကတော့ မအလ အုပ်ချုပ်နေတဲ့ မြန်မာပြည် မှာနေရသာ အသေစိတ်ပိန်​​နေပြီ)

နိုးနိုးလေးကို ပွေ့ချီထားရင်း... လက်တစ်ဖက်က Luggage ကိုဆွဲကာ ထွက်လာခဲ့သည်။နှင်းမိုမိုကလည်းသူ့ဘေးကနေလိုက်ပါလျက်သား။
လှေကားပေါ်ကနေဆင်းမယ်အလုပ် အောက်ထပ်မှာ လူတွေစုအုံနေတာကြောင့် ကြည့်လိုက်တော့...သူလုံးဝမေ့ထားပါပြီဆိုပြီး ယခုထိနှလုံးသားထဲကထုတ်မရသေးတဲ့ သူကိုတွေ့လိုက်ရသည်။

ရှိုင်းခက်ယံမှာလည်း တစ်နေရာရာက ပြန်လာပုံပင်
ဆံပင်မှာ စတိုင်မှာလည်း သူနောက်ဆုံးတစ်ခေါက်တွေ့တုန်းကပုံနဲ့မတူသည့်ဒီဇိုင်းပြောင်းထားပြီး။

အဝါဖျော့လေးဆိုးထားသေးသည်။နားတစ်ဖက်မှာတော့ တစ်ဖျက်ဖျက်လက်နေသည့် ပတ္တမြား အပွင့်သေးလေးကို ပန်ထားပြီး အကျီကတော့ အနီဖျော့လေးဖြစ်သည်။

တပ်ထားသည့်နေကာမျက်မှန်နှင့်လည်းအလွန်လိုက်ဖက်နေသည်။
အလွန်ကိုမှ ငယ်ရွယ်နုပျိုသည့်ပုံစံပေါက်နေသည်။ ချောမောခံ့ညား ထင်ရှားလင်းလက်နေဆဲပင်...။
ခန့်ငြားရိပ်ကတော့ သူနဲ့ဆန့်ကျင်ဘက်... ကလေးကိစ္စ၊အလုပ်ကိစ္စတွေနဲ့သာ လုံးပန်းနေရပြီး အသက်၃၀အရွယ်လောက်ဖြစ်နေပြီးဟု သူ့ကိုယ်သူထင်နေသည်...။

သူကရှိုင်းခက်ယံကို ကြည့်မိလိုက်ချိန်တွင် ရှိုင်းခက်ယံကလည်းသူ့အားမော့ကြည့်လာရင်း သူ၏ဖြူဖွေးရှည်လျားသည့် လက်ချောင်းများဖြင့် နေကာမျက်မှန်ကိုဆွဲချွတ်လိုက်တာကြောင့်
Fan တွေမှာလည်း အာခေါင်ကွဲမတက်ပင် အော်ကြတော့သည်။

Love Like Fire(OC)Where stories live. Discover now