15( ကြည်နူးစရာ အခိုက်အတန့်လေး)

6.8K 367 7
                                    

Uni...

Love Like Fire (Chapter 15)
( အတိတ်ကို ပြန်တွေးခြင်း
                 ကြည်နူးစရာအခိုက်အတန့်လေး)

ခန့်ငြားရိပ်မှာ နောက်နေ့မနက် ၁၀ နာရီခန့်လောက်တွင် နာကျင်ကိုက်ခဲမှုတွေနဲ့အတူနိုးလာသည်။နိုးလာရခြင်းအကြောင်းအရင်းမှာ
ရှိုင်းခက်ယံ ကသူ့မျက်နှာနဲ့လည်ပင်းလေးတွေကို မထိတထိလိုက်နမ်းနေလို့ဖြစ်သည်။

“ ရှိုင်း… “

“ နိုးလာပြီလား… .ဆက်အိပ်ချင်အိပ်အုံးလေ”
ရှိုင်းခက်ယံ ခန့်ငြားနဖူးလေးကို နမ်းလိုက်ပြီးပြောသည်။

“ ဘယ်နှနာရီရှိသွားပြီလဲ “

“ ၁၀ နာရီလောက် ရှိပြီ… .ဗိုက်ဆာနေပြီလား။ “

“ ဆာတယ် “ အမှန်က ခန့်ငြားရိပ်မဆာသေး ရှက်နေတာကြောင့် ရှိုင်းခက်ယံ ထွက်သွားအောင်ကြံဖန်လိုက်ခြင်း

“ ခဏက အောင်အောင်မနက်စာတွေလာပို့ပေးသွားတယ်။သွားပြင်ပေးမယ် ပြီးရင်ခေါ်လိုက်မယ်နော် “
ပြောကာ ခန့်ငြားရိပ် ပါးပြင်တွေကို တဖွဖွနမ်းရင်း ကုတင်ပေါ်က ထသွားလေသည်…။ရှိုင်းခက်ယံမှာ ရေမိုးချိုးပြီး အဝတ်အစားပါလဲထားပြီးသည့် ပုံစံနဲ့ဖြစ်ပြီး ခန့်ငြားကတော့ အပေါ်အင်္ကျီမဝတ်ထား သူ့အား ချည်သားဘောင်းဘီ ပြန်ဝတ်ထားပေး၍တော်သေးသည်။

ရှိုင်းခက်ယံ အပြင်ထွက်သွားမှ ခန့်ငြား သက်ပြင်းခိုးချလိုက်သည်။
“ ဟူး….တကယ်ကြီး သူနဲ့ငါ…”
တစ်ခါမှ မမက်ခဲ့ဖူးသော အိမ်မက်မှာ အမှန်တကယ်ကြီးဖြစ်သွားလေသည်။
ခန့်ငြား သူ့မျက်နှာသူ လက်ဖြင့်ပွတ်သပ်လိုက်ပြီး
“ ဒါမျိုးကိစ္စတွေ လုပ်တာ ဒီလောက်နာလိမ့်မယ်မထင်ထားဘူး။အစမို့လို့ပါလေ”
ခန့်ငြားသူဘာသာဖြေသိမ့်လိုက်ပြီးမှ
“ မဟုတ်သေးပါဘူး ဘာတွေလျောက်စဥ်းစားလိုက်တာလဲ အစဆိုတော့ နောက်တစ်ခါ ထပ်မျှော်လင့်နေသေးတာလား မင်းက” ခန့်ငြား သူ့ဘာသာ တစ်ယောက်ထဲ စဥ်းစားရင်းခေါင်းတွေခါနေတော့သည်။

“ ခဏနေ သူနဲ့ဘာစကားစပြောရမလဲ ဒီတိုင်း မသိသလိုပဲနေနေရမလား…အဲ့လိုကလည်းအဓိပ္ပါယ်မရှိဘူး ။
ရှက်စရာကောင်းလိုက်တာ…ရှိုင်းခက်ယံ မှာအတွေ့အကြုံတော်တော်ရှိပုံရတယ်။ငါနဲ့မတိုင်ခင်ဘယ်နှယောက်လောက်နဲ့များ ပတ်သတ်ခဲ့ဖူးလဲမသိဘူး။ငါကိုရော ကစားနေတာဆိုရင်ဘယ်လိုလုပ်မလဲ ။“
ခန့်ငြား ဆက်တွေးတောတော့

Love Like Fire(OC)Where stories live. Discover now