17( ချိုမြိန်သော အနမ်းများ)

6.2K 365 5
                                    

Uni...

Love Like Fire (Chapter 17)
(အတိတ်ကိုပြန်တွေးခြင်း ချိုမြိန်သောအနမ်းများ)

ရှိုင်းခက်ယံ ထိုကောင်လေးအိမ်မှာ ကစားပွဲလေး ကစားပြီးနောက် ပြန်ရန်ပြင်သည်။

ထိုကောင်လေး ကရှိုင်းခက်ယံ၏နောက်ကျောကို တင်းကျပ်နေအောင် ဖက်ထားပြီး လွှတ်ပေးချင်သည့်ပုံမပေါ်...

" Ok လေ ကိုယ်တို့ကစားပွဲဒီမှာတင်ပြီးပြီ ဆက်မရှုပ်နဲ့တော့"
ထိုကောင်လေး ရဲ့လက်တွေကိုဖြုတ်ချရင်းပြောသည်။

" နောက်တစ်ကြိမ်လောက် ထပ်တွေ့ခွင့်ရမလားဟင်..."

" ကိုယ်အစထဲက ရှင်းအောင်ပြောထားတယ်နော် ဇယားထပ်မရှုပ်နဲ့တော့ ဟုတ်ပြီလား"

" ကျွန်တော်က မကောင်းဘူးလား ကိုကို့ကို စိတ်ကျေနပ်မှုမပေးနိုင်ဘူးလားဟင်"
ထိုကောင်လေး ကဇွဲမလျော့ပဲထက်ပြောသည်။

ရှိုင်းခက်ယံ အနောက်ပြန်လှည့်လိုက်ပြီး ထိုကောင်လေးရဲ့ပါးလေးကိုသူ့လက်ဖြင့်ပွတ်သပ်လိုက်ကာ
" မင်းက ကိုယ့်ကိုစိတ်ကျေနပ်အောင်လုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့ မင်းလိုပဲအဲ့လိုလုပ်ပေးနိုင်တဲ့လူအများကြီးလေ။ အဲ့တော့ ကိုယ်ကအမြဲတမ်း ဟင်းတစ်မျိုးထဲစားရတာမကြိုက်ဘူး။ အစုံစားချင်တာ...ငယ်ပါသေးတယ် တစ်ခြားလူထပ်ရှာပေါ့ ဟုတ်ပြီလား ကိုယ်သွားပြီ "
ဆိုကာ ရှိုင်းခက်ယံ ထွက်လာခဲ့လိုက်သည်...။

ကားပေါ်ရောက်တော့ ထိုကောင်လေးက ဖုန်းဆက်သေးသည်။ရှိုင်းခက်ယံ မကိုင်တာကြောင့် မက်ဆေ့ ပို့လာသည်...။
" ကိုကို့ နာရီကျန်ခဲ့တယ်..."

" ယူထားလိုက်တော့ Present လို့သဘောထားလိုက်"
မက်ဆေ့ပြန်ပို့လိုက်ပြီး ထိုကောင်လေး၏ဖုန်းနံပါတ်အား block လိုက်လေတော့သည်...။

ပြီးနောက် ခန့်ငြားရိပ်ဆီဖုန်းဆက်လိုက်သည်။
" hello ခန့် သက်သာလား"

"အင်း အဖျားမရှိတော့ပါဘူး"

" ဘာစားချင်လဲ ဝယ်ခဲ့ပေးမယ် "

" ခဏကပဲ ဖက်ထုပ်ပြုတ်စားထားတယ်... ဒါပေမဲ့ "
ခန့်ငြားရိပ် ဒါပေမဲ့ ဆိုကာဆက်မပြောတာကြောင့် ရှိုင်းခက်ယံမနေနိုင်စွာမေးလိုက်ရသည်။

Love Like Fire(OC)Where stories live. Discover now