25(အမိနိုင်ငံ သို့မဟုတ် နှလုံးသားကို စွန့်ခွာခြင်း... )

8.4K 471 12
                                    

Uni..

Love Like Fire (Chapter 25)
(အမိနိုင်ငံသို့မဟုတ် နှလုံးသားကို စွန့်ခွာခြင်း... )

ခန့်ငြားရိပ်ထွက်သွားချိန်တွင် ရှိုင်းခက်ယံ ဘာမှမဖြစ်သလိုနဲ့ ဆိုဖာပေါ်ပြန်ထိုင်လိုက်သည်။
သေချာတာတစ်ခုက သူ့နှလုံးသားကလစ်ဟာသွားပြီ...သူ့ဆီက တစ်စုံတစ်ခုကခန့်ငြားရိပ်နောက်သို့ လိုက်သွားလေသည်။ သို့ပေမဲ့... သူကိုယ်တိုင်ကတော့ ရုတ်တရက် သတိမထားမိသေး...။
ရင်ထဲမှာ လစ်ဟာပြီး ပူလောင်နေသည်ဆိုတာပဲ သိသည်။

" အား..." ရှိုင်းခက်ယံ ဒေါသတကြီး အော်ဟစ်လိုက်ပြီး... စားပွဲပေါ်ရှိ အရာအားလုံးကို လက်ဖြင့် တိုက်ချပစ်လိုက်သည်။
"သွား...ထွက်သွားကြ သွားချင်တဲ့လူတွေအကုန်ထွက်သွားကြစမ်းပါ မင်းတို့အချစ်ကို လိုအပ်မနေဘူး။"

ရှိုင်းခက်ယံမျက်လုံးတွေကတော့ ပြောနေသည့်စကားနဲ့ဆန်ကျင်စွာပဲ အထီးကျန်မှုအရိပ်အယောင်တွေကို ဖော်ပြလို့နေသည်။

အောင်အောင်မှာ ရှိုင်းခက်ယံကိုကြည့်ပြီးစိတ်မကောင်း... ရှိုင်းခက်ယံ သာမသိပေမဲ့ သူကတော့သိသည်။
ရှိုင်းခက်ယံ ခန့်ငြားရိပ်အပေါ် ဘယ်လောက်အထိ စွဲစွဲလမ်းလမ်းချစ်နေတယ်ဆိုတဲ့အကြောင်း...။
ဘာပဲတွေ့တွေ့ ဒါခန့်ငြားအတွက်၊ခန့်ငြားနဲ့လိုက်မှာ၊ခန့်ငြားအတွက်ပါ ယူလိုက်၊ဒီဟာခန့်ငြားစားရတာကြိုက်တယ် ပို့ပေးလိုက်။ဘယ်နေရာရောက်ရောက် ခန့်ငြားရိပ်အား မေ့သည်ဟူ၍မရှိခဲ့ဖူး ။

သူအရင်က ခန့်ငြားအား စိတ်ဆိုးစိတ်ကောက်လျှင်လည်း...ခန့်ငြားပြန်ချော့မိအချိန်ကို အမြဲမျှော်နေတက်သည်။မာနကြီးတဲ့သူကတော့စမခေါ်  ပုံစံကတော့ ဂရုမစိုက်သလိုနေနေပေမဲ့...အမြဲတမ်း ဖုန်းကိုကြည့်ကြည့်နေသည်မှာ ခန့်ငြားရိပ်အား မျှော်နေကြောင်းသိသာလှသည်။

ခန့်ငြားရိပ် မွေးနေ့ရောက်ခါနီးပြီဆိုရင်လည်း ရှိုင်းခက်ယံမှာ လက်ဆောင်အတွက်စဥ်းစားရတာအမောပင်...။
အမြဲမတူသည့် အသစ်အဆန်းတွေကိုသာ ပေးချင်နေသည်...။ခန့်ငြားရိပ် အပေါ်မှလွဲရင် အခြားမည်သူ့အပေါ်မှ ထိုကဲ့သို့ စိတ်ဝင်စားမှုမျိုးဂရုစိုက်မှုမျိုးမရှိခဲ့ဖူး။

Love Like Fire(OC)Where stories live. Discover now