35(Gay...)

7K 465 53
                                    

Uni...

Love like Fire (Chapter 35)
( Gay...)

" တရားစွဲစရာ မလိုပါဘူး "

ခန့်ငြားကတားတာကြောင့် ကြည်သာဟန်စိတ်တိုသွားသည်။
" မလိုဘူး ဟုတ်လား ။နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်ဘူးလို့ အာမခံနိုင်လား ဟမ်.."

" သူထပ်လုပ်မှာ မဟုတ်ဘူးး..."

"ခန့်ငြား လူတိုင်းကို ကိုယ့်စိတ်နဲ့ လိုက်နှိုင်းမနေနဲ့ ဒါက
ဒီတိုင်းထားလို့ပြီးသွားမယ့် ကိစ္စ မဟုတ်ဘူးကွ။"

" ဟန်လေး... ကျေးဇူးပြုပြီ ဒီအ​ကြောင်းတွေ ထပ်မပြောကြစို့ကွာ။ငါ သူနဲ့ထပ်ပတ်သတ်စရာလည်း မရှိတော့ဘူး။ ထပ်လည်းမပတ်သတ်ချင်တော့ဘူး
။တရားစွဲရင် သူနဲ့မျက်နှာချင်းဆိုင်တွေ့နေရအုံးမှာ...။ ပြီးတော့ သူကမင်းသားလေ...  အဲ့လိုကိစ္စတွေသာဖြစ်ရင် တစ်နိုင်ငံလုံး ကသိကုန်မှာပေါ့"
ခန့်ငြားရိပ် မှာစိတ်ညစ်ရတဲ့အထဲ ကြည်သာဟန်ကိုပါ နားချနေရသေးသည်။

" အခုလို အခြေအနေထိရောက်လာတာတောင် မင်းကသူ့အတွက်ထည့်စဥ်းစားပေးနေသေးတယ်ပေါ့ "

" သူ့အတွက်ဆိုတာထက် ငါ့အတွက်ပါ...ငါစိတ်ရှုပ်မခံချင်တော့ဘူး။ လူတွေအများကြီးကဝိုင်းပြောကြမှာထားလိုက်ပါ ဟန်လေးရာ"

" ok...သဘောပဲမင်းကို လူတွေဝိုင်းပြောကြမှာ ငါလည်းမလိုချင်ပါဘူး။ တရားစွဲ မယ့်ကိစ္စထားလိုက်တော့...."

ခန့်ငြားရိပ် မှာ စိတ်အေးသွား ပြီး ကားကူရှင် ပေါ်မှီချကာ ခဏမှိန်းလိုက်တော့သည်။
ကြည်သာဟန် စိတ်ထဲတွေးနေသည့် အရာကိုတော့ သူမရိပ်မိလိုက်ပေ။

*******

တစ်ပတ်ကြာပြီးနောက်....

" Woo တကယ်ကြီး gay ပေါ့"

" အဲ့ကောင်အကြောင်းတွေအခုမှပေါ်တော့တယ်"

" ဟဟ တော်တော်များများကတန်းတန်းစွဲ ဖြစ်နေတဲ့မင်းသားက အခြောက်ကြီးတဲ့"

" ဟိုလင်တရူးမတွေ ရှကြပြီဟေ့...."

" အခြောက်ဆိုတာ အခုမှသိတာ မဟုတ်ဘူး ရိပ်မိတာကြာပြီ... မပြောချင်လို့သာ"

" ဟိုးအရင်ထဲက ဒီသတင်းခဏခဏ ထွက်သားပဲ"

" အမှန်တရား ဆိုတာ အချိန်အကြာကြီး ဖုံးကွယ်လို့ မရပါဘူးကွာ"

Love Like Fire(OC)Where stories live. Discover now