၅(အတိတ်ကိုပြန်တွေးခြင်း...မကောင်းဆိုးဝါးကောင်ကgay တဲ့)

8.1K 456 5
                                    

Uni

Love like Fire ( Chapter 5)

(အတိတ်ကိုပြန်တွေးခြင်း
မကောင်းဆိုးဝါးကောင်က Gay တဲ့)

ခန့်ငြား တစ်ယောက် ရှိုင်းခက်ယံ၏ အိမ်သို့သွားနေသည့် လမ်းတွင်ဖြစ်သည်။
ကောင်မလေးတစ်စုသည် လမ်းမတွင်ရှိသော ရှိုင်းခက်ယံ၏ ပုံကိုကြည့်ကာ သည်းသည်းလှုပ်ဖြစ်နေကြသည်။

" ကြည့်အုန်း ကိုရှိုင်းက ချောလိုက်တာ "

" ငါ့ယောက်ျားဖြစ်မယ့်ရုပ်လေး"

" နင်တို့ နှစ်ယောက် နောက်ဆုတ််လိုက်တော့ ကိုရှိုင်းခက်ယံက ငါ့ကိုပဲကြိုက်တာတဲ့ "

ခန့်ငြားသည် ထိုကောင်မလေးတွေပြောနေသည့်စကားအားကြားပြီး
" မင်းသားခေါင်းဆောင်းထားတဲ့ မကောင်းဆိုးဝါးကောင်" ဟုစိတ်ထဲကနေပြောလိုက်မိသည်။

ခန့်ငြားစုထားသည့် ပိုက်ဆံလေးအား အခုထိုမကောင်းဆိုးဝါးကောင်ထံသို့ပေးရတော့မည်ဖြစ်ပြီး
ဒါတောင်အကုန်အပြည့်မဟုတ်ပါ။ လက်ရှိတွင် ခန့်ငြားထံ၌ ဒေါ်လာတစ်ထောင်သာရှိသည်။ အင်္ကျီအား ခန့်ငြား​လျှော်ကြည့်ပေမဲ့လဲမပြောင်ပေ ။

ပိုက်ဆံအတွက်အိမ်ကိုလည်း လှမ်းတောင်း၍မရ။ခန့်ငြားမိဘတွေက ငယ်ငယ်ထဲကဆုံးသွားတာကြောင့် ခန့်ငြားအား သူ့အဒေါ်က ဆက်လက်စောင့်ရှောက်ထားပေးခြင်း ​၊စောင့်ရှောက်ပေးသည်ဆိုတာထက် ခန့်ငြားရပိုင်ခွင့်တွေအား လက်ဝါးကြီးအုပ်ထားသည်ဆို ပိုမှန်လိမ့်မည်။

ခန့်ငြားအား ကေ​ျာင်းစရိတ်ကိုလည်း ဘယ်တော့မှလောက်ငှစွာမပေး။ ဆေးကျောင်းတက်သည့်အခါမှ ခန့်ငြားသူတို့အိမ်ကထွက်လာခဲ့ကာ သူ့အမေပိုင်သည့် တိုက်ခန်းအသေးလေးတွင်နေရသည်။ ဟိုအိမ်တွင်နေတာထက်တော့ အများကြီးပိုလွတ်လပ်ပါသည်။

အခုလက်ရှိသူ့အဒေါ်တို့မိသားစုနေသည့် တိုက်အိမ်ကြီးသည်လည်း ခန့်ငြားမိဘအပိုင်သာ ။ ခန့်ငြားအဖေပိုင်သည့် ကုမ္ပဏီလေးကိုလည်း သူ့အဒေါ်ယောက်ျားက အုပ်ချုပ်နေသည်။ ခန့်ငြား သူ့အဒေါ်ဆီကလည်း ပိုက်ဆံ လှမ်းမတောင်းချင် ကျောင်းစရိတ်ပေးသည်တောင်မှ အလွန်ကံကောင်းနေပြီ ဖြစ်သည်။

Love Like Fire(OC)Where stories live. Discover now