16 (ဖျားနေသူကိုလှည့်စားခြင်း)

6.5K 353 5
                                    

Uni...

Love Like Fire (Chapter 16)
( အတိတ်ကိုပြန်တွေးခြင်း
                          ဖျားနေသူကိုလှည့်စားခြင်း)

ရှိူင်းခက်ယံနဲ့ ခန့်ငြားရိပ်တို့ ပွဲတော်အတွင်း ဆက်လက်လျောက်ပတ်ကြည့်နေကြပြီး အောင်အောင်အပြင် သူတို့နောက်က ကောင်လေးတစ်ယောက်ပါ လိုက်ချောင်းနေသည်ကိုတော့ ရှိုင်းခက်ယံ တစ်ယောက်ထဲသာ သတိထားမိပါသည်။

မကြာခင်ပဲ ကျယ်လောင်သောအသံတွေနဲ့အတူ ကောင်းကင်ထက်သို့ အလင်းတန်းများပျံတက်သွားပြီး
လှပသည့် မီးပန်းများအဖြစ် သို့ပြောင်းလဲသွားသည်။
မီးရှူးမီးပန်းတွေ တစ်ခုပြီး တစ်ခု ကောင်းကင်ထက်၌ လှပစွာ ပြန့်ကျဲနေသည်။

“ woo… လှလိုက်တာ…”
ခန့်ငြား ကောင်းကင်ပေါ်သို့ မော့ကြည့်နေပြီး အရမ်းပျော်ရွှင်နေသည့်ပုံနဲ့ရယ်ပြုံးသည်။
ရှိုင်းခက်ယံ ကတော့မီးရှူးမီးပန်းထက် ခန့်ငြားရိပ်ကိုသာ ပို၍ စိတ်ဝင်စားလို့နေပြီး

“ မီးပန်းတွေနဲ့အတူဓာတ်ပုံရိုက်ပေး ရမလား”ဟုမေးလိုက်သည်။

“အင်း “ ခန့်ငြားပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။

ရှိုင်းခက်ယံ ဖုန်းထုတ်လိုက်ပြီး ခန့်ငြားရဲ့ photographer လုပ်ပေးလေသည်။

ခန့်ငြား လက်လေးနှစ်ချောင်းထောင်ကာ ပို့စ်ပေးလိုက်သည်။

“ ok 1.2..3..ချလပ်”
ဆိုကာ မီးပန်း နောက်ခံတွေနဲ့အတူ ခန့်ငြား၏ချစ်စရာကောင်းသည့် ပုံရိပ်လေးတစ်ခုရသွားသည်။

“ ကိုယ်တို့နှစ်ယောက်လည်းအတူတူရိုက်ရအောင် “ ပြောကာသူရဲ့မျက်နှာဖုံးကိုခဏချွတ်လိုက်သည်…။ ရှိုင်းခက်ယံ အောင်အောင်ကိုလှမ်းခေါ်ပြီး ဖုန်းပေးကာ ဓာတ်ပုံရိုက်ခိုင်းသည်။

ခန့်ငြားက မနေတက်သလို ရှိုင်းခက်ယံ ဘေးမှာတောင့်တောင့်ကြီးရပ်နေတာကြောင့်ရှိုင်းခက်ယံ ကခန့်ငြားပုခုံးကိုဖက်လိုက်ပြီး ပါးထက်သို့ အနမ်းတစ်ပွင့် ချွေလိုက်သည်။

အောင်အောင်ကလည်း အမိအရပင် ထိုပုံလေးအားရိုက်ပေးလိုက်ပြီး
နောက်ထက် ထပ်ရိုက်ဖြစ်သော ပုံများမှာ ခန့်ငြားမျက်လုံးလေးပြူးကာ ရှိုင်းခက်ယံမျက်နှာအား မော့ကြည့်လိုက်သည့်ပုံများနဲ့ ရှက်၍ခေါင်းငုံ့သွားသော ပုံတွေသာဖြစ်သည်။

Love Like Fire(OC)Where stories live. Discover now