13(လှည့်စားတက်သော သူ)

6.8K 407 12
                                    

Uni....

Love Like Fire (Chapter 13)
(အတိတ်ကို ပြန်တွေးခြင်း 
                                လှည့်စား​တက်သောသူ)

“ ကိုခက် တကယ်ကြီး ကိုခန့်ငြားနဲ့ တွဲလိုက်ပြီးပေါ့။ ကျွန်တော်ဖြင့် ကိုခက်အခုလို လူတစ်ယောက်ဆီမှာအချစ်တွေအကုန်ပေးလိုက်မယ်လို့ ထင်မထားခဲ့ဘူး။ “

ရှိုင်းခက်ယံ ဖုန်းသုံးနေရင်း မထိတထိရယ်လိုက်ပြီး
“ မင်းကိုဘယ်သူပြောလဲ ငါ့အချစ်တွေအကုန်လုံးသူ့ကိုပေးလိုက်တယ်လို့။”

“ ဗျာ ကိုခက်ပဲ ကိုခန့်ငြားနဲ့တွဲနေပြီးဆို။ ကိုခက်သူ့ကိုချစ်လို့မဟုတ်ဘူးလား။ အရင်တုန်းကသူ့လိုမျိုးဘယ်သူကိုမှအတည်တကျဖွင့်မပြောဖူးဘူးလေ။”

“ ဟုတ်တယ် သူကအရင်က ငါတွေ့ခဲ့ဖူးတဲ့လူတွေနဲ့မတူဘူး။ တုံးတုံးအအနဲ့ ဟန်မဆောင်တက်ဘူး။တစ်ခုခုဆိုစိတ်ရင်းနဲ့လုပ်ပေးတယ်။ စိတ်သဘောထားလည်းပြည့်ဝတယ်။ တည်ငြိမ်တယ်။

လောဘမကြီးဘူး သနားလည်းသနားတက်သေးတယ်။ ထမင်းဟင်းချက်တာလည်းတော်တယ်။ ပြီးတော့အစွဲအလမ်းကြီးတယ်။ငါကလွဲရင် တစ်ခြားတစ်ယောက်နဲ့ ထပ်ရှုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။

သူကအသုံးချတက်ရင်တက်သလို ကြိုးဆွဲလို့ရမှာ
သူနဲ့သာဆို ငါခေါင်းသိပ်စားစရာလိုမှာမဟုတ််ဘူး။ ပူညံပူညံလည်းမလုပ်တက်ဘူးလေ။ အဲ့ဒါကြောင့် ငါရဲ့ရည်းစားအဖြစ်သူ့ကိုရွေးလိုက်တာ။ အဲ့လိုလူမျိုးက ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ ။

ခန့်ငြားရိပ်က ငါ့အတွက်အဆင်အပြေဆုံးလူပဲ ငါ့အပေါ်အပြည့်အဝဂရုစိုက်ပေးမယ့်လူ“
ရှိုင်းခက်ယံမှာတည်တည်ငြိမ်ငြိမ်ဖြင့် အမြင်ကတ်စရာကောင်းအောင်ပြောလေသည်။

အောင်အောင် ထိုသို့လုပ်တာမကောင်းမှန်း ထောက်ပြချင်ပေမဲ့လဲ မပြောရဲပေ
“ ကိုခက် အဲ့ အဲ့ဒါဆို အရင်လို sex partner တွေနဲ့ရော ထပ်ပတ်သတ်အုံးမှာလား။”

ရှိုင်းခက်ယံ မျက်မှောင်ကြုတ်လိုက်ပြီး …
“ မပတ်သတ်စရာ ဘာအကြောင်းရှိလဲ။ “

“ ကိုခန့်ငြားသိသွားရင် ဘယ်လိုလုပ်မလဲ “ အောင်အောင်မဝံ့မရဲမေးလိုက်သည်။

Love Like Fire(OC)Where stories live. Discover now