26(ကျန်ရစ်သူ၏ခံစားချက် )

9K 492 18
                                    

Uni

Love Like Fire (Chapter 26)
( ကျန်ရစ်သူ၏ ခံစားချက် )

ရှိုင်းခက်ယံ ခန့်ငြားရိပ်နဲ့ နောက်ဆုံးတစ်ခေါက် ရန်ဖြစ်ကာလမ်းခွဲပြီးကတည်းက ဘာကိုမှဂရုမစိုက်သလို သူ့အလုပ်ကိစ္စတွေကိုပဲ ဖိလုပ်နေခဲ့သည်...။

အပြင်ပန်းတွင်တော့ ခန့်ငြားရိပ် ထွက်သွားတာ သူ့အတွက်ဘာမှမခံစားရတော့သည့်ပုံဖြစ်ပေမဲ့... ညတိုင်းအိပ်မပျော်တာ သူကိုယ်တိုင်သာသိသည်။

" ကိုခက် ကိုခန့်ငြားက..."

" ငါ့ကိုသူ့အကြောင်းတစ်လုံးမှ လာမပြောနဲ့..."
ရှိုင်းခက်ယံ ဒိုင်ယာလော့ခ်တစ်ခုဖတ်နေရင်း...အောင်အောင်ကိုအေးတိအေးစက်ပြန်ပြောလိုက်သည်။

အောင်အောင် လည်းပြောစရာရှိတာတော့ ပြောရမည်မို့ ဆက်ပြောလိုက်သည်။
" သူ ကွန်ဒိုတွေကားတွေ အကုန်ပြန်ပေးသွားပါတယ်။ တစ်ခြားပစ္စည်းတွေလည်း ဘာတစ်ခုမှမယူသွားပါဘူး"

ရှိုင်းခက်ယံ ဒိုင်ယာလော့ခ် စာအုပ်ကို ဒေါသတကြီးနဲ့ စားပွဲပေါ်ရိုက်ချလိုက်ပြီး
" fuck ... ဘယ်သူကအဲ့ပစ္စည်းတွေကိုစိတ်ပူနေလို့လဲ။ ပြန်ပေးလိုက် ငါ့လိုကောင်က ပေးပြီးသားပစ္စည်းပြန်မယူဘူး" ပြောပြီး အပေါ်တက်ဖို့ လုပ်သည်။

အောင်အောင်က သက်ပြင်းချလိုက်ပြီး
" ကိုခန့်ငြားက နှင်းမိုမိုဆိုတဲ့ဒေါက်တာနဲ့အတူ ဒီနေ့ပဲ US သွားလိုက်ပါပြီ။ သူ့သူငယ်ချင်း ကြည်သာဟန်ကအကုန်စီစဥ်ပေးလိုက်တဲ့ပုံပါပဲ"

ရှိုင်းခက်ယံ၏ ခြေလှမ်းများမှာ ခတ္တရပ်တန့်သွားပြီးကာ
" သူ ငါ့ကိုဘာပြောသွားသေးလဲ"

အောင်အောင် ခေါင်းဖြေးညင်းစွာခါလိုက်ပြီး
"ဘာတစ်ခွန်းမှ မပြောသွားပါဘူး"

ထို့နောက် ရှိုင်းခက်ယံသည် အသက်မဲ့သည့် မျက်လုံးတွေဖြင့် အိပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။
ခန့်ငြားက ဘာတစ်ခုမှမယူသွားဘူးဟုဆိုပင်မဲ့ သူ့ရင်ဘတ်ထဲမှာတော့ လေဟာနယ်သာရှိတော့သည့်နှယ် ဗလာကျင်းနေသည်...။

*******

တစ်ရက်ထက်တစ်ရက် ခန့်ငြားရိပ်ကိုသူမေ့မရဘူးဆိုသည်မှာသေချာလာခဲ့သည်...။

Love Like Fire(OC)Where stories live. Discover now