စာစဉ် ၃၀ (၁၁-၂၀)
1.4K 157 1
စာစဉ် ၃၀၊ အခန်း ၁၁။  အချစ်က ပိုင်ဆိုင်ခြင်းမဟုတ်ဘူး ပေးဆပ်ခြင်းပဲ (1 )
ကားလမ်းမနားမှာ ကပ်ရပ်နေတဲ့ သူ့ကို ဖြတ်သွားတဲ့ကားတွေက ဟွန်းတီးသွားသော်လည်း လုဘန်ချန်းမလှုပ်မယှက်ရပ်နေမိပါ၏ ။
သူမကို ရက်ရက်စက်စက်စကားတွေပြောထွက်မိတဲ့အခါ
မော့ကြည့်လာတဲ့ သူမ အကြည့်တွေက လုဘန်ချန်းရင်ကို ဘယ်လောက်တောင်လောင်ကျွမ်းစေသည်ကို မည်သူမျှသိနိုင်မည်မဟုတ် ။
မျှော်လင့်ချက် ကင်းမဲ့စွာငိုနေခဲ့တဲ့ သူမကို ထိုင်ကြည့်နေရခြင်းအဖြစ်က ဘယ်လောက်တာင်နာကျင်ရသည်ကိုလည်း မည်သူမျှသိမည်မဟုတ်ပါ ....
သူမ အဖေကို ကူညီပေးမဲ့အကြောင်းပြောဖို့ရာ အစည်းအ‌ဝေးကိုဖျက်ပြီး လုဘန်ချန်းပြေးလာခဲ့ပေမဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက နှလုံးအိမ်ကို ဓားနှင့်ပြေးထိုးစိုက်လိုက်သလိုပင် ။
တစ်ညလုံးတစ်မနက်လုံး သူမကို ပဲစိတ်ပူနေခဲ့မိတဲ့ လုဘန်ချန်းက သာ အရူးတစ်ယောက် ။
သူမ ၀မ်းနည်းတာကိုမြင်ရရုံနဲ့ စိတ်လွတ်နေတဲ့ လုဘန်ချန်းက သူ့အပေါ်ထားရှိတဲ့ သူမ ခံစားချက်တွေကို တစ်ချက်မေ့သွားခဲ့ပုံပါပေ ။
ကလေးကိုဖျက်ချပစ်ရလောက်အောင် လုဘန်ချန်းကိုမုန်းနေသည့်သူမနှင့် ပတ်သတ်ပြီး သနားစိတ် ၀င်မိတာကိုက လုဘန်ချန်းအမှားပါလေ ...
ဟွန်းသံတွေညံနေတာကြောင့် လုဘန်ချန်းလည်း ဒီနေရာမှာ ဆက်မနေတော့ပဲ လှည့်ထွက်သွားလိုက်တော့လေသည် .....
……
ရှုဝန်နူးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကနေတစ်ဆင့်
ရှုဝန်နူး အဖေအကြောင်း ၀ူဟောင်သိခဲ့ရသည် ။ သူတို့နှစ်ယောက်လမ်းခွဲခဲ့ပြီးတာ ၆ လ ကြာပြီဆိုသော်လည်း
သူမအဖေ နေမကောင်းတာကြောင့် ၀ူဟောင် ဆေးရုံကိုသွားကာ
သူမ အဖေနှင့်တွေ့ပြီး ကောင်းတဲ့ဆရာဝန်နှင့်လည်း မိတ်ဆက်ပေးခဲ့သည် ။
ဆေးရုံကို ၀ူဟောင်အကြိမ်ကြိမ်သွားခဲ့ပေမဲ့
ရှုဝန်နူးနှင့် ဆေးရုံခန်းထဲမှာထိပ်တိုက်တွေ့သည်က ဒါပထမဆုံးအကြိမ်ပင် ။
ဝူဟောင် ပြန်ဖို့လုပ်ခဲ့ပေမဲ့
ရှုဝန်နူး အမေပါပါလာတာကြောင့် ဒီတိုင်းပြန်လိုက်ဖို့ရာ မဖြစ်နိုင်တော့ ။