Episode -6

5K 348 5
                                    

(Unicode )

အဖူးစျေးက အပြန် လှမ်းဘေးလေးကိုကြည့်တော့ မနက်ကမိမိလုပ်ခဲ့လို့ ရေမြောင်းထဲကိုကျသွားသော ဂျစ်ကားလေးမှာရှိမနေတော့ပေ။
တမင်ပင်အဲ့ကားထဲက လူကြီးကိုကြည့်မရလို့ လမ်းမဖယ်ပေးပဲ ဇွတ်မောင်းသွားခြင်းဖြစ်သည်။
ရွာထိပ်ကိုရောက်တော့ ကုဣိုင်ပင်ကြီးအောက်တွင် ချိန်သီး တစ်ယောက်အိပ်မောကျနေလေသည်။
အဖူးလည်း ဆိုင်ကယ်ပေါ်မှဆင်းပြီး ချိန်သီး ကိုသွားနိုးလိုက်လေသည်။

"ချိန်သီး.. ဟျောင့်.. ချိန်သီး.. "

"ထ...ဘယ်နှယ့်အပင်အောက်အိပ်ပျော်နေတာလဲ"

"ဟျောင့်.. ထလို့ဆို"

"လှုပ်နှိုးလို့မနိုးရင် ကန်ပြီးတော့နှိုးတယ်ကွာ"

"ကဲကွာ...ကဲကွာ.. ဖောင်း.."

"အင်း...အဲ..."

ခပ်ဆက်ဆက်လေးတင်ပါးကိုကန်လိုက်မှ တအင်းအင်းငြီးပြီယနှိုးလညလေသည်။

"ဟျောင့်.. အဖူးဘာလိုကန်တာလဲကွ"

"မင်းနှိုးနေတာကို ထမှမထတာကန်မှာပေါ့"

"မင်းနေစရာအိမ်မရှိလို့ဒီမှာလာအိပ်မေတာလား"

"ငါမင်းကိုလာစောင့်နေတာကွ မင်းကကြာတော့အိပ်ပျော်သွားတာပေါ့"

"မင်းကဘာလို့ငါ့ကိုစောင့်နေတာလဲ"

"သူကြီးပေါ့ မင်းကိုလာစောင့်ခိုင်းလို့ ဖုန်းရှိတာပဲဆက်လိုက်တာမဟုတ်ပဲ ငါ့ကိုပဲခိုင်းနေတယ်"

သူကြီးကဖုန်းဆက်ခေါ်ရင် အဖူးသွားချင်မှသွားလိမ့်မည်။ပိုပြီးသေချာအောင် ချိန်သီး ကိုစောင့်ခိုင်းနေခြင်းဖြစ်သည်။

"သူကြီးကိုငါမအားဘူးလို့ပြောလိုက်"

"ဟျောင့် အဖူးမင်းလိုက်လို့မရဘူး ကြီးတော်ကျင်လည်းသူကြီးအိမ်မှာ"

"ကျစ်...စိတ်ရှုပ်တယ်ကွာ တတ်..ဆိုင်ကယ်ပေါ်"

"ကွမ်းခြင်းတွေကို အမြတို့ဆိုင်ထဲမှာခဏထားပြီး သူကြီးတို့ဝိုင်းကိုမောင်း"

"ငါသိတယ် လျှာမရှည်နဲ့ ဆိုင်ကယ်ပေါ်ကကန်ချထားခဲ့မယ်"

"အေး...အေးပါကွာ"

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now