Episode -27

2.6K 184 2
                                    

(Unicode)

"လာ..အကိုကျောင်းဆရာ ကျုပ်ပြစရာနေရာရှိသေးတယ်"

အရာအားလုံးကိုလျှစ်လျူရှုပြီး သူထွက်လာခဲ့သည်။
ခုချိန်မှာ သူမျက်နှာချင်းဆိုင်ဖို့မပြောနဲ့ အနီးအနားရပ်ဝန်းတွင်တောင်တူတူမနေနိုင်ပေ။

ဝသုန်ဦး သူ့လက်ကိုဆွဲပြီးထွက်လာခြင်းကြောင့် ပြုံးမိလေသည်။အချိန်တစ်ခုပဲစောင့်ပေးပါ မင်းကိုကိုယ်ပိုင်ဆိုင်ရအောင်ကြိုးစားမှာမို့။

"ညီ ကိုယ်ကိုထန်းတောကိုခေါ်သွားမလို့လား"

"မဟုတ်ပါဘူး ကျုပ်ဘုရားလိုက်ပို့မလို့ပါ ထန်းတောနဲ့ဘုန်းကြီးကျောင်းက ကပ်ရက်လေးမို့ပါ"

"အာ...!"

အဖူး အကိုကျောင်းဆရာလေးရဲ့လက်ကိုကိုင်ထားမိခြင်းကြောင့် အမြန်ပဲဖြုတ်ချလိုက်မိ၏။
သူ့.... ရွှဲ့ပြီးကိုင်လာလိုက်တာကြောင့် အကိုကျောင်းဆရာလေးကိုအာနာရပါပြီ။

"ကျုပ်တောင်းပန်ပါတယ်... "

"ရပါတယ်... ညီကိုင်ချင်ရင်ဆက်ကိုင်လို့ရတယ်နော်"

"မကိုင်ပါဘူး..."

"ဟော ထန်းတောတောင်ရောက်ပြီ...ဟိုးမှာလေ ရွာရဲ့ ရူပါရုံဘုရား"

ထန်းတောကိုဖြတ်ပြီး ရူပါရုံဘုရားပေါ်သို့ တတ်ခဲ့ကြသည်။
ဝသုန်ဦးအဖို့ တစ်ခါမှ ဘုရားသွားကျောင်းတတ်ဖို့မစဥ်းစားဖူးပေမယ့် သူရဲ့အဖြူရောင်ရပ်ဝန်းလေးခေါ်ဆောင်ရာနောက်သို့ မညီးမညူပဲလိုက်ခဲ့လေသည်။

ကိုယ်ကိုကိုယ်တော့ရယ်ချင်မိသား အများအမြင်မှာအေးချမ်းအောင်နေနေရပေမယ့် သူ့ရဲ့တကယ့်စရိုက်အမှန်က ဘုရားသွားကျောင်းတတ်ဖို့လုံးဝမသင့်တော်ပေ။
ဒီတစ်ခေါက် လုပ်မယ့်အလုပ်က တန်ကြေးကြီးသလိုအရင်းအနှီးလည်းကြီးသည်။
ဒီက ကိစ္စ သာအောင်မြင်ရင် သူလည်း ပေဖူးလွှာ နှင့်အေးအေးချမ်းချမ်းနေရန်ဆုံးဖြတ်ချက်ချထားသည်။

"အကိုကျောင်းဆရာ... ဒီရူပါရုံဘုရားပေါ်ကနေ ကြည့်ရင် သိပ်လှတာ...စီးဆင်းနေတဲ့ ပန်းလှိုင် မြစ်ကြီးရယ်...ကိုင်းတောကြီးရယ် ငှက်ကလေးတွေရယ် ဘယ်လောက်တောင်လှလိုက်လဲ"

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now