Episode -16

3.2K 207 2
                                    

(Unicode)

🎶🎶

~~မိုးသောက်အာရုဏ်တွင်း နံနက်ခင်းရဲ့မိုးလင်းခိုက်တွင်..

ရွာဦးကျောင်းက အုန်းမောင်းခေါက်သံထွက်ပေါ်လာပြီ...

သာသနာ့ကျေးငှက်တွေ အိပ်တန်းထကြပြီ...~~

🎶🎶

"အာရုဏ်ဆွမ်းအလှူခံကြွလာပါပြီ ခင်ဗျ..."!

ဒီနေ့အာရုဏ်ဆွမ်းရှိတယ်ဆိုလို အဖူးကမနက်အစောကြီးထပြီး ဆွမ်းချက်ပေးထားတာကြောင့် မာန်ဘမှူးဘိုကပဲလောင်းလှူပေးသည်။
shitအဖြူလေးနှင့်ပုဆိုးမိုးပြာရောင်အကွက်ကလေးနှင့် သန့်ချင်တိုင်းသန့်နေလေသည်။ဘုန်းကြီးကျောင်းသားလေး၏ ဆော်သြသံကြောင့်အိမ်နားကိုရောက်နေပြီမှန်းသိ၍ ဆွမ်းထမင်းဆွမ်းဟင်းတွေထည့်ထားတဲ့ဗန်းလေးကို မာန်အသာမပြီးအိမ်ရှေ့တွင်ထွက်စောင့်နေလိုက်၏။

ဆရာတော်ကို ဆွမ်းများကပ်လှူပြီး ကန်တော့လိုက်လေသည်။

"ဦစီးလေး ဒီမှာနေရတာအဆင်ပြေရဲ့လား"

"​တင်ပါ့ဘုရား.."

"အိန်း..ပေဖူးလွှာရဲ့ဒဏ်ကိုမခံနိုင်ရင် ဆရာတော့်ဆီကိုလာတိုင်ကြားလား သူကဆိုးသာဆိုးတယ် စိတ်ထားအရမ်းကောင်းတဲ့ကလေးလေးပါကွဲ့"

"တင်ပါ့ဘုရား အခုတလောအဖူးကလိမ်မာနေပါတယ် ထန်းရည်လည်းမသောက်သလို ကြက်လည်းသွားမတိုက်ပါဘူးဘုရား"

"အင်း..အင်းသေချာလေးစောင့်ရှောက်ပေးလိုက်ပါကွဲ့"

ဆရာတော်ထွက်သွားမှ မာန်လည်းထိုင်နေရာမှပြန်ထပြီး ဗန်းလေးကိုကိုင်ကာအိမ်ထဲပြန်ဝင်ခဲ့သည်။အဖူးကိုကြည့်တော့စျေးသွားမလို့ဆိုင်ကယ်ကိုစစ်ဆေးနေလေသည်။
မာန်လည်းအခုတလောဘာဖြစ်နေသည်မသိ အဖူးနဲ့ရှိတဲ့အချိန်လေးတွေဆိုသိပ်ပျော်ရွှင်ပြီးအမည်မသိခံစားချက်လေးတွေကိုလည်း ခံစားနေရ၏။
ဒါမှမဟုတ် အဖူးကိုများသူချစ်မိနေတာလား။သူဖွင့်ပြောရင်ရော အဖူးကလက်ခံပါ့မလား မာန်ဖွင့်ပြောလိုက်လို့ အရိုင်းစိတ်ကလေးတွေပြန်ဝင်လာမှဖြင့် မာန်လည်းသက်ပျင်းကိုသာချပြီး အိမ်ပေါ်ကိုပဲတတ်ခဲ့လေသည်။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now