Episode -23

2.5K 184 3
                                    

(Unicode)

၄ရက်မြောက်နေ့......။
.
.
.
"ကျွန်တော် လုံးဝသဘောမတူဘူး ဒယ်ဒီ"

"မရဘူး..သား မင်းမာမီကစိတ်ဆုံးဖြတ်ချက်ချပြီးပြီ သူ့ကိုဒယ်ဒီလည်းမလွန်ဆန်နိုင်ဘူး"

"ဒယ်ဒီ.."

"ဟေ!!"

ဦးဘိုဘိုထွန်း သံယောင်ပြန်ထူးလိုက်လေသည်။သားရဲ့ခံစားချက်တွေကိုဖခင်ပီပီ နားလည်ပေမယ့် ချစ်ရတဲ့ဇနီးကိုလည်းမလွန်ဆန်နိုင်ပေ။
ဖြစ်နိုင်ရင် သားရဲ့ခံစားချက်တွေကို အဓိကလိုက်လျောပေးချင်မိသည်။

"ကျွန်တော် က ဘုံဘုံ ကိုညီမလေးတစ်ယောက်လိုပဲ သဘောထားတာ.. ညီမလေးတစ်ယောက်လိုပဲချစ်တာ ဒါကို ဒယ်ဒီတို့မာမီတို့အတင်းအကျပ်မစီစဥ်ပါနဲ့"

"ဒယ်ဒီသားကိုနားလည်ပါတယ်...သမီး​လေး
နတ်ဘုံနန်း ကလည်းလိမ်မာရေးခြားရှိလို့မင်းမာမီကစီစဥ်ထားတာ..သားလက်မခံနိုင်ရင် အစထဲက စေ့စပ်တာကိုလက်မခံနဲ့ပေါ့..အခုစေ့စပ်ပြီးလို့ လက်ထပ်ဖို့စီစဥ်မှသားကအတင်းငြင်းဆန်နေတာ မဟုတ်မှ သားမှာချစ်ရသူရှိနေပြီလား"

"ကျွန်တော့် အသက်လည်းမနည်းတော့ဘူးလေဒယ်ဒီ ပြီးတော့ ကျွန်တော်ချစ်ရတဲ့သူကိုတွေ့နေပါပြီ"

"ဟေ...ဟုတ်စ!!"

အရင်ကမိဘသဘောအတိုင်းသာခေါင်းညိမ့်ခဲ့တဲ့သားက အခုသူ့သဘောအတိုင်းချစ်ရသူရှိပြီလို့ဖွင့်ပြောလာတာကြောင့် ဦးဘိုဘိုထွန်း ခဏတာမှင်သက်သွားလေသည်။
သားလေး တကယ့်ကိုလူကြီးဆန်လာပြီပဲ။

ဟင်း...ဒီသားမိနှစ်ယောက်ကြားမှာ သူဘယ်လိုလုပ်ရပါ့မလဲ။

"ဟူး...ကောင်းပြီလေ..ဒယ်ဒီသားမားမီကို ဖြောင်းဖျလိုက်ပါ့မယ်
သွား..ငါသားလည်းလုပ်စရာရှိတာလုပ်တော့"

မာန်..ချစ်ရတဲ့သူရှိတယ်လို့ပြောလိုက်ပေမယ့် ယောကျာ်းလေးတစ်ယောက်ကိုချစ်နေမိတာကိုတော့ထည့်မပြောလိုက်ပေ။
အကြောင်းစုံသိသွားကြရင်..ဒယ်ဒီကဘယ်အရာမဆိုလက်ခံနိုင်ပေမယ့် မာမီဒေါ်အိမ့်မှူးခင်ကတော့လက်မခံနိုင်လောက်ပေ ဘာလို့ဆိုမာမီကအရမ်းရှေးရိုးဆွဲလွန်းလှသည်။
မာန့်ရဲ့ဖြစ်တည်မှုကိုလက်မခံနိုင်တာထက် ကျွန်တော်ချစ်တဲ့အဖူးကိုလက်မခံနိုင်မှာပိုကြောက်သည်။
.
.
.
.
"အို တော်..ကျွန်မသဘောမတူပါဘူး..ဒီမှာသား မာမီကောင်းစေချင်လို့စီစဥ်ထားတာကိုငြင်းဆန်မနေနဲ့..သားဘယ်တုန်းကမာမီသဘောကိုလွန်ဆန်ရဲသွားတာလဲ"

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now