Episode -19

3.1K 199 2
                                    

(Unicode)

သူရိန်နေမင်းကြီးခေါင်းထွက်ပြတဲ့အချိန်နံနက် ၈နာရီခွဲဆိုတဲ့အချိန်ဟာ သစ်တောထဲတွင်တော်အသင့်လင်းထိန်နေလေပြီ။
သစ်ပင်များကြားမှကျိုးတို့ကျားတား ကျရောက်လာတဲ့ နေရောင်ခြည်ခပ်စူးစူးကိုမသိသလို ဥပေက္ခာပြုပြီး မာန်ဘမှူးဘိုတို့အဖွဲ့သိမ်းစရာရှိတာကိုသာခပ်သွက်သွက်သိမ်းဆည်းနေကြသည်။
ရွက်ဖြင်တဲကိုဖြုတ်သိမ်းသူကသိမ်း တခြားတိုလီထွာလီဟိုဟာကောက်ထည့်သူကထည့်၊မီးဖိုရေဖျန်းသူကဖျန်းနှင့်အလုပ်ရှုပ်နေပေမယ့် ပေဖူးလွှာတစ်ယောက်ကတော့ ကြောင်လျှာပင်အောက်မှာ ငုတ်တုတ်ထိုင်ကာ မာန်လုပ်နေသမျှကိုကြည့်နေသည်။

ခါးနာနေတယ်ဆိုတာကြောင့်ဘာမှမခိုင်းပဲ ထိုင်ခိုင်းထားပြီး သူတပည့်များကိုသာမာန်ခိုင်းနေခြင်းဖြစ်၏။
ညကအခြေအနေကို ကုကူးတို့နောင်ရိုးတို့လင်းဇီးတို့သိသည်ထင်၏ အားလုံးကပြုံးစိစိနှင့်ကြည့်နေခြင်းကြောင့်မာန်နည်းနည်းတော့ရှက်မိသည်။
ဒီ့ထက်ဆိုးတာက အသစ်စက်စက်ချစ်သူလေးမှာဟန်မဆောင်နိုင်အောင်ရှက်သွေးဖြာနေပြီး ခပ်ဝင်းဝင်းအသားအရည်လေးတွေဟာဆိုရင်ဖြင့် အနီရောင်ဘက်တောင်ပြေားနေချေပြီ။

"ငါတို့ဆရာဆီက ပညာတွေသင်ဖို့လိုသေးတယ်နောင်ရိုးရေ"

"ဟုတ်တယ်ကွ...ဆရာ့ဆီမှာငါတို့သင်ရမယ့်ပညာတွေကျန်သေးတယ်ဆိုတာ ညကမှသိလိုက်တာကွ"

လင်းဇီးကပြောတော့ နောက်ရိုးကထောက်ခံနေပြန်သည်။ကုကူးကတော့ ဘာမှမပြောပဲပြုံးယုံတင်သာပြုံးသည် သူကစကားလည်းနည်းတာကြောင့်လည်းပါမည်။

"ဗျို့....မြို့က ကျုပ်တို့ဆရာ... ပညာလေးတွေကိုလည်း ဟောဒီကချစ်တပည့်လေးတွေကိုသင်ပေးပါဦးဗျ.. အဓိကလိုအပ်နေတာက ဟောဒီကအမောင်ကုကူးပဲဖြစ်သဗျ...ဟားးး"

နောင်ရိုးကပြောလည်းပြောသူ့စကားကိုသဘောကျပြီး ရယ်လေသည်။မာန်လည်းမနေတတ်တော့တာကြောင့် မျက်နှာရိပ်ပြပြီးဟန်တားပေမယ့် အရိပ်ပြရင်အကောင်မမြင်တဲ့တပည့်ကြီးတွေကြောင့်တော်တော်အခက်တွေ့နေပြီ။
အနောက်ကိုလည့်ကြီးပြန်တော့လည်း ချစ်သူလူဆိုးလေးမှာရှက်လို့ထင်သည် ခေါင်းကြီးငုံကာမြေကြီးကိုတုတ်ဖြင့်လျှောက်ခြစ်နေ၏။
ဒီကောင်တွေရဲ့စနောက်နေခြင်းကြောင့် ချစ်သူအဆိုးလေးမှာတော်တော့ကိုရှက်နေလေပြီ။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now