Episode -31

2.7K 190 3
                                    

(Unicode)

ဆောင်းရဲ့အအေးဒဏ်နဲ့အတူ ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းမောင်းနှင်နေခြင်းကြောင့်အသဲခိုက်မတတ်အေးလှသည်။
ကျွန်တော်လည်း Shirt နဲ့ပုဆိုးသာဝတ်လာမိတာကြောင့် အခုတော့ ခိုက်ခိုက်တုန်အောင်ချမ်းနေပြီ။
အပေါ်ဝတ်ဝတ်မလာမိတာတောင် နောင်တရမိ၏။

"ဖြေးဖြေးမောင်း...အဖူး"

"......"

အရှ့ကဘာအသံမထွက်မလာပါ။ကျွန်တော်စကားနားမထောင်တဲ့ကောင်လေးရဲ့အနားကို တိုးကပ်ပြီးဖက်တွယ်ထားလိုက်တယ်။
ဟွန်းးးလူကိုဘာမှတ်နေလဲ။

ရုတ်တရတ်ခါးကိုလာဖတ်တာကြောင့် ကျုပ်လည်းလန့်ပြီးတွန့်ကနဲတောင်ဖြစ်သွားသည်။
နီးကပ်နေတဲ့ ကိုယ်နှစ်ခုကြောင့် ကျုပ်ရင်ခုန်သံတွေမြန်လာသည်။
မဖြစ်ဘူး ဒီလူကြီးမရိပ်မိအောင်နေမှ...။

"ဘာလို့ အနားအရမ်းကပ်လာတာလဲ"

"ဖယ်!လွှတ်!!"

".........."

"ဟမ်..အဖူး ကိုယ့်ကိုဘာပြောတာလဲ...အရမ်းမြန်ပြီးလေတွေအရမ်းတိုက်နေလို့မကြားရဘူး"

ပြောလို့ဆိုလို့မရတာကြောင့် ကျုပ်အသာထားလိုက်တယ်..အလကားတော့မရဘူး ဆိုင်ကယ်ကိုလီဗာခပ်မြှင့်မြှင့်ဆွဲလိုက်တာကြောင့် ဒီလူကြီးတုန်လှုပ်သွားတာသိလိုက်ရသည်။
ဒါပေမယ့်....ဘာလိုပိုတိုးပြီးဖက်လာတာလဲ။

"ဘာလို့အရမ်းဖက်နေတာလဲ...ဖယ်ဦး..အသက်ရှုကျပ်လာပြီ ဒီမှာဆိုင်ကယ်မောင်းမရတော့ဘူး"

"............"

ဒင်း...ကမသိချင်ယောင်ဆောင်နေပါ့လား။

ဒီလိုနဲ့ ပန်းတိုင်း စျေးကိုရောက်လာသည်။ဆိုင်ကယ်ကို အပ်တဲ့ဆိုင်မှာရပ်ပြီး..အဖူး လိုတာတွေသွားဝယ်ရန်အထွက်..။

"အဖူး..."

"ကျစ်!...ဒီမှာ မာန်ဘမှူးဘိုကြီး..စျေးကိုခေါ်လာပေးပြီးပြီးလေ ဘာအလိုရှိသေးလို့လဲ"

"ဟို....အသီးအရွက်တွေအသားငါးတွေ ရောင်းတဲ့စျေးတန်းမေ့သွားလို့"

"ခင်ဗျားကြီးအသက်အရမ်းမကြီးသေးပါဘူး အရင်တစ်ခေါက်ကျုပ်နဲ့လာတုန်းကသေချာပြထားတဲ့ဟာကို...ဒီလမ်းအတိုင်းတည့်တည့်သွား ခင်ဗျား သွားချင်တဲ့ဆီရောက်ပြီ။
ကျုပ်လည်းဝယ်စရာရှိတယ်..ဝယ်ပြီးရင်ဒီဆိုင်ကပြန်စောင့်နေ မဟုတ်ရင် ကျုပ်ထားခဲ့မှာ.."

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now