Episode -25

2.7K 196 7
                                    

(Unicode)

ကိုယ်လုံးထွားထွား အသားညိုညိုနှင့်အသက်ခပ်ငယ်ငယ်ကောင်လေးတစ်ယောက် ဘုန်းကြီးကျောင်းအနောက်ဘက်ကိုအမောတကောပြေးသွားသည်။

သူကတော့ ချန်သီး ပေ။

သူအဖူးကို အရေးကြီးပြောစရာရှိတာကြောင့် ရွာထဲကနေအမောတကောပြေးလာခြင်းဖြစ်သည်။
သူအဖူးကိုတွေ့မှဖြစ်မည်။

အခုပြောမယ့် ကိစ္စ ကိုအဖူးသာသိရင် ဘယ်လိုများနေပါ့မလဲ။
မပြောလို့လဲမရသည့် ကိစ္စမို့ သူပြောမှဖြစ်မည်။

"အဖူးရေ...အဖူး..."

"ဟေ့...ချန်သီးလား...ဘာကိစ္စ လည်းကွ
ငါမရမ်းပင်ပေါ်မှာ"

"မင်းကိုအရေးကြီးပြောစရာရှိလို့...ဦးစီး... ဦးစီလေ"

" ဟျောင့်... ဦးစီး ဘာဖြစ်လဲ...မြန်မြန်ပြောကွာ"

"ဦးစီး ရွာပြန်ရောက်နေပြီ...အခုသူကြီးတို့ဝိုင်းထဲမှာ..
လူတွေလည်းအများကြီးပဲရောက်နေကြတယ်"

"ဟာ...မင်းတကယ်ပြောတာလား...
ငါဆင်းလာပြီ..!!"

"ဟာ..ဖြေးဖြေးဆင်းပါဟ ပြုတ်ကျပါဦးမယ်"

မရမ်းပင်ပေါ်ကနေ အဖူးအလောတကြီးဆင်းလာသည်။
သူဦးစီးကိုလွမ်းနေခြင်းကြောင့် တွေ့ရမှဖြစ်မည်။
ဦးစီးလည်း သူ့ကိုလွမ်းနေမယ်ဆိုတာ သူယုံကြည်သည်။

"ရော..ချိန်သီး ဒီမရမ်းသီးတွေကို ဘုန်းဘုန်းကိုပေးလိုက်"

"ဟာ...အဖူး..ငါဘာမှမပြောရသေးဘူးလေ
ဒီကောင်ကွာ...ဦးစီးမှူး သိပ်လှတဲ့အမျိုးသမီးတစ်ဦးကိုပါခေါ်လာတယ်လို့တောင်မပြောရသေးဘူး
သူက..ရွာထဲတောင်ရောက်တော့မယ်..ဟူး....တကယ်မလွယ်ဘူး"

ဘုန်းကြီးကျောင်းကနေ ရွာထဲကိုအပြေးလေးနှင်ပြန်သည်။
လမ်းထိပ်က ဦးညိုထမင်းဆိုင်မှာ ရေတစ်ခွက်ဝင်သောက်ပြီး သူကြီးတို့ဝိုင်းထဲတစ်ဆင့်ပြေးသည်။
.
.
.
.
သူကြီးဦးစောကြည်တို့ဝိုင်းထဲတွင်..ရွာသူရွာသားအစုံရောက်ရှိနေကြ၏။
အကြောင်းကား..ဦးစီးမှူး ပြန်လာခြင်းကြောင့် သတင်းလာမေးသူများနှင့်သတင်းလာယူကြသူများဖြစ်သည်။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now