Episode -24

2.4K 193 3
                                    

(Unicode)

"ဦးသားထူးကြီး ကျန်းမာပါစေ ပြောင်းဖူးတွေကြီးထွားပါစေ"
.
.
.
.
အဖူး ဂွန်းနု အဖေကြီးဦးသာထူးတို့ကိုင်းထဲက ပြောင်းဖူးတွေခိုးချိုးလာပြီး လွယ်အိတ်ထဲထည့်လွယ်ကာ..ဘဲလေးငါးကောင်းကိုအနောက်ကနေမောင်းပြီး အိမ်ဝိုင်းထဲသို့ပြန်လာလေသည်။
အရစ်တို့ကို နှုတ်ဆက်ပြီး...သူတို့ကတော့ထန်ူတောသို့ဦးတည်သွာယပေမယ့် အဖူးကတော့အိမ်သို့သာတန်းပြန်ခဲ့သည်။ဘဲလေးတွေကို ဇာဝိုင်းထဲသို့မောင်းသွင်းပြီး..အဖူးကတော့အိမ်နောက်ဘေးရှိမီးဖိုထဲတွင့် ထိုင်ကာချိုးလာသောပြောင်းဖူးများကို ထုတ်ကာ မီးကင်စားနေလေသည်။

နှစ်ဖူးလောက်စားပြီး..အမေ့အတွက်ပါကြောင်အိမ်ထဲတွင်ထည့်ထားလိုက်သည်။

"သားရေ..အဖူး...အဖူးရေ!"

"......."

"ဟဲ့...ပေဖူးလွှာ...အိမ်မှာမရှိဘူးလား ဒီကောင်လေးနှယ်"

" ဂျာ...!!"

ပြောင်းဖူးကိုပလုတ်ပလောင်းစားနေခြင်းကြောင့် 'ဗျာ'လို့ထူးတာတောင်မပီပဲ ' ဂျာ'လို့ထွက်လေသည်။

"အိမ်ရှေ့ခဏထွက်ခဲ့စမ်းပါဦးအေ"

အမေခေါ်နေတာကြောင့် အဖူးလဲ ပေရေနေတဲ့လက်ကို ဝတ်ထားတဲ့ဖျင်ကြမ်းကရင် အကျီလေးနှင့်ပွတ်သုပ်လိုက်လေသည်။
ဝတ်နေကျ ပုံသံမဟုတ်ပေမယ့် ဒီလိုပေတီပေစုတ်ပုံလေးနှင့်လည်းအဖူးဟာချစ်ဖို့ကောင်းနေပြန်သည်။

"ကျုပ်ကိုဘာခိုင်းစရာရှိလို့လဲ အမေ"

"ဆရာတော် ခေါ်နေတယ် သွားလိုက်ဦးဘာခိုင်းမလို့လဲမသိဘူး"

"အင်း..အင်းကျုပ်သွားလိုက်မယ် ကြောင်အိမ်ထဲမှာပြောင်ဖူးမီးဖုတ်ထားတယ်အမေစားလိုက်ဦးနော်"

"ဟဲ့...ပြောင်းဖူးကဘယ်ကရတာတုန်း"

"ဦးသားထူးတို့ကိုင်းထဲက ခိုးချိုးလာတာ"

"ဟယ်...ဒီကောင်လေးနှယ် ကိုသာထူးကိုမျက်နှာပူစရာတွေဖြစ်ကုန်ပါပြီဟယ်...တကယ်ကိုပြောမရဆိုမရနဲ့ ကိုရင်မောင်ရေ..ရှင်သားကိုလာကြည့်လှည့်ပါဦးတော့"

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now