Episode -7

4.5K 309 1
                                    

(Unicode )

"ကဲ..ရောက်ပြီ ဒါခင်ဗျားနေရမယ့်အိမ်ပဲ"

မာန်.. အိမ်လေးကိုကြ ည့်ပြီးစိတ်ချမ်းသာနေလေသည်။ပျင်ထောင်အိမ်လေးကိုမှ တော်တော်သန့်သန့်ပင် သန့်ရှင်းရေးလုပ်ထားတယ်ထင်သည်။
ခြံလေးဟာလည်း တော်တော်တော့ကျယ်လေသည်။
အိမ်ရဲ့ အနောက်မှာ စိမ်းစိုနေတဲ့ လယ်ကွင်းများမှတိုက်လေဟာလည်း တဖြူးဖြူး..။
ဘေးတွင်တော့ ချောင်းနဲ့တူသော ရေစီးကြောင်းတစ်ခု။

"ဟူး...လေးလိုက်တာအိတ်တွေကလည်း ဘာတွေထည့်လာလဲမသိဘူး"

"အဝတ်တွေနဲ့ လက်နက်ခဲယမ်းတွေပါ"

"ကျုပ် ပြန်ပြီ"

"နေ...နေဦးလေ"

"ဘာကျန်သေးလို့လဲ..အိမ်လိုက်ပို့ပေးပြီးပြီလေ"

"မင်းကိုယ်နဲ့နေရမှာလေ"

"ဒီမှာ လူကြီး နေ့ဘက်ကြီး ခင်ဗျား ကိုဘယ်သူမှတတ်မလုပ်ဘူး"

"ညကျရင်လည်းမလာနိုင်ဘူး ခင်ဗျားဆီလာရင် အိမ်မှာအမေတစ်ယောက်ထဲ"

"ကျုပ်သွားစရာရှိတယ်"

မာန် ပြောစရာစကားတို့မရှိ။သူဘာသာပြီး ချာခနဲလှည့်ထွက်မည်အပြု ခြံထဲသို့ မာန်၏လက်ထောက် နောင်ရိုးမှဂျစ်ကားလေးကိုစီးပြီးမောင်းဝင်လာလေသည်။
ကားထဲတွင်လည်း ရွာသူကြီးဦးစောကြည်နှင့်အဖူး၏အမေလည်းပါလေသည်။

"ဒါဘယ်လည်း အဖူး"
အမေ၏အသံမှာ  ဟိန်းထွက်နေလေသည်။

"အမေ..ကျုပ်အပြင်သွားမလို့"

"ဘယ်မှသွားမယ်မကြံနဲ့ အဖူးနင်လုပ်ထားလို့ဦးစီးမှူးရဲ့ကား ရွှံတွေပေရေနေတယ်ပြန်ဆေးပေးရမယ်"

"ဒါပေမယ့် ကျုပ်အိမ်မှာပဲပြန်အိပ်မှာနော်"

"အမလေး ပေဖူးလွှာရယ် ငါးရက်မှာလေးရက်လောက်ကနင်အပြင်မှာအိပ်တာပါနော်"

"ထန်းရည်အမြဲမူးပြီး အိမ်မှာပြန်အိပ်တယ်မရှိဘူး ချိန်သီး အိမ်အိပ်ကတာနဲ့ အမြတို့အိမ်အိပ်ကတာနဲ့"

မာန်..ဒီကောင်လေးကိုတော့တော်တော်လက်လန်နေပြီ။ဒီလောက်တောင်ဆိုးတာပဲ နိုင်တဲ့သူမပေါ်သေးဘူးထင်တယ်။
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိလေသည်။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now