Episode -20

3.2K 193 1
                                    

(Unicode)

ပုစွန်ဆီရောင်သန်းနေသော အသူရိန်နေမင်းကြီးမှာ မိုးကုတ်စက်ဝိုင်းပေါ်သို့ဖြာကျနေပြီး..သူရဲ့အလှတရားများကိုဖော်ကျူးနေသည်။
အိပ်တန်းပြန်တတ်တဲ့ ငှက်အုပ်စုများနှင့်ကောင်းကင်ကြီးဟာ.. Colour မျိုးစုံချယ်သထားတဲ့ ပန်းချီကားတစ်ချက်နှင့်တောင်တူနေသည်။

"ဦးစီ ကျုပ်တို့ရွာထိပ်ခဏသွားရအောင်နော်"

"အင်း...အဖူးသွားချင်ရင်သွားလေ ကိုယ်လိုက်ခဲ့ပေးမယ်"

"ဆိုင်ကယ်ယူသွားမလားအဖူး"

"အင်း...ယူသွားမယ်လေ လာ...တတ် ကျုပ်ဖြည်းဖြည်းပဲမောင်းမှာပါ"

"အင်း..လိမ်မာတယ်အဖူး"

"ဟင်းးးကျုပ်ကလိမ်မာပြီးသားပါ ဒါကိုဦးစီးပဲမသိတာ"

သူတို့ရဲ့ဆိုင်ကယ်လေးလည်း အိမ်ခြံဝိုင်းထဲကစတင်ထွက်ခွာကာ ရွာထိပ်က ကုကိုုင်ပင်ကြီးရှိရာဆီသို့ ဦးတည်လေသည်။
ညနေဆည်းဆာ ရောင်ခြည်တန်းလေးများနှင့်အတူ တဖြူးဖြူးတိုက်ခတ်နေသော လေပြည်အေးအေးလေးဟာလည်း ခံစားရအလွန်ကောင်းသလို ကျန်းမာရေးအတွက်လည်းတော်တော်အထောက်အကူပြုလေသည်။
တဖြည်းဖြည်း နှင့်သာယာလှတဲ့ ကတွယ်ရွာလေးဟာလည်း ဆည်းဆာရောင်ခြည်နှင့်အတူအနောက်တွင်ကျန်ခဲ့လေသည်။

ကုကိုုင်ပင်ကြီး၏ ဘေးဖတ်ရှိစိမ်းဖန့်ဖန့်ချောင်းရေကြည်ကြည်လေးတွေဟာလည်း..အလှတရားတစ်ကိုပါရမီဖြည့်ပေးနေလေသည်။

အဖူးမောင်းလာတဲ့.. ဆိုင်ကယ်လေးဟာလည်းလိုရာခရီးဖြစ်တဲ့ ကုကိုုင်ပင်ကြီးအောက်တွင်ရပ်တန့်သွားလေသည်။

"ဒီနေရာမှာဘာရှိလို့ ကိုယ်ကိုခေါ်လာတာလဲအဖူး"

"သိပ်ကိုရှိတာပေါ့ဗျာ...ဟောဟိုမှာကြည့်ကြည့်လိုက်လေ"

အဖူး လက်ညှိုးညွှန်ပြရာဆီသို့ မာန့်ရဲ့အကြည့်တို့ရောက်သွားလေသည်။
တစ်သတ်နှင့်တစ်ကိုယ် အလုပ် ကိစ္စများနှင့်သာရုန်းကန်နေတဲ့မာန့်အတွက်တော့...ယခုမြင်နေရတဲ့မြင်ကွင်းဟာသိပ်ကိုတန်ဖိုးရှိလှလေသည်။
ပျောက်ကွယ်နေပြီဖြစ်တဲ့ အသူရိန်နေမင်းကြီးမှ ဖြာကျနေသောတည်းတာရောင်ခြည်တန်းများဟာ..အဝေးတစ်နေရာမှာကျန်ခဲ့သော ကတွယ်ကျေးရွာလေးကို လှပအောင်ပုံ့ပိုးကူညီနေသည်။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now