(Unicode)
{ဒီအပိုင်းကနေစပြီး ဦးစီးမှူးကို ရိုးဂုဏ်မာန် အစား မာန်ဘမှူးဘို လို့ပြောင်းသုံးပါမယ်နော်
အရင်အပိုင်းတွေမှာ သုံးထားတဲ့နာမည်ကိုလည်း ပြန်ပြောင်းထားပါတယ်}
"ဦစီး.. ကျုပ်တို့ထမင်းချိုင့်လာပို့တာ...ဦစီးတို့စားဖို့ထန်းသီးတွေလည်းပါတယ်"
"အမြင့်တွေတတ်ပြန်ပြီလား အဖူး"
"ကျုပ်ကိုယ်တိုင်စားစေချင်လို့ တောင်းလာ အဲ တတ်ခူးလာတာဗျ"
"ခွီး.."
"ဘာရယ်တာလဲအမြ"
ပေဖူး အမြကိုမျက်စောင်းထိုးလေသည်။
သူငယ်ချင်းကောင်းတွေဆိုတာ လူကြားသူကြားထဲလဲအရှက်ခွဲတတ်လေသည်။အဖူးရဲ့မျက်စောင်း အမြအပေါ်ဒိုင်းကနဲကျရောက်ခြင်းကြောင့် ရယ်ချင်ပါသော်လည်း အမြတစ်ယောက်မြိုသိပ်ကာ ကြိတ်ခွီးနေလေသည်။
မျက်နှာကတော့ ပြုံးစစနဲ့ တဟင်းဟင်းတဟဲဟဲနှင့် ဒါကို ချိန်သီးတစ်ယောက်အမြကိုကြည့်ကာ ပါးစပ်အဟောင်းသား။
မာန် ကော်ဘူးလေးထဲက ထန်းသီးစ်ိပ်လေးကိုယူပြီးစားကြည့်လိုက်လေသည်။
အရည်ရွှန်းပြီး ချိုသောအရသာရှိသောကြောင့်သူတော်တော်နှစ်သက်မိသည်။"ကိုယ်တို့အတွက်ကောမပါဘူးလား အမြ"
ကုကူးပြောလိုက်တော့ ပြုံးစစဖြစ်နေသောအမြမျက်နှာပြန်တည်သွားလေသည်။
"အများကြီးထည့်လာတာပဲ ဦးစီးမှူးဆီက ယူစားပေါ့"
"မကျွေးပါဘူး စားချင်ရင် မင်းဘာမင်းသွားခူးစား"
"ဒါက အဖူးကိုယ်တိုင်ခူးလာတာဆိုတော့ ငါတစ်ယောက်ထဲစားမယ်"
"သြော်..ခေါင်းဆောင်ကောင်းပီသပါပေတယ်"
"မင်းငါ့ကို ရွဲ့တာလား နောင်ရိုး"
"အာ..မဟုတ်ပါဘူးဗျာ ကျွန်တော်ကဒီအတိုင်းစလိုက်တာပါ ဟဲဟဲ "
"ကဲပါဗျာ လုမနေကြပါနဲ့ အများကြီးပဲ ဦးစီးလည်းနည်းနည်းတော့မျှကျွေးလိုက်ပါ"
YOU ARE READING
ရိုးသားကြိုးစားကတွယ်သား(Complete)
Romanceကျုပ်ဘဝမှာအမေပြီးရင် ခင်ဗျားကိုအချစ်ဆုံး..