(Unicode)
"ကိုကိုမာန်"
"ဗျာ...အမိန့်ရှိပါဗျ"
"ခစ်..ခစ်.."
အဖူး မိမိရှေ့က ပလူးပလဲဖြစ်
နေတဲ့သူတွေကိုကြည့်ပြီးဒေါသများလှိုက်တတ်လာသည်။
ယောကျာ်း လည်းမာနရှိသည်မို့ ဖြစ်ပေါ်နေတဲ့ဒေါသများကို အံတင်းတင်းကျိတ်ပြီးမျိုသိပ်ထားတာကြောင့် ဝင်းဝါဝါမျက်နှာလေးမှာ ငရုတ်သီးမှည့်ပမာ ရဲတွတ်နေ၏။"ဒီမှာ တောသားကောင်လေး မင်း..တို့ကိုကိုမာန်နဲ့ ဝေးဝေးမှာနေပါ... ရှေ့ဆင့်နောက်ဆင့်လမ်းလျှောက်မိရင်တောင် မီတာ၁၀၀အကွာအဝေးကလျှောက်ပါ ဒါသူ့ဇနီးလောင်းအနေနဲ့သတိပေးတာပါ..
မင်းနားလည်မယ်လို့ တို့ မျှော်လင့်ပါတယ်""ကြားတယ်နော်...ပေဖူးလွှာ... ဒီနေ့ကစပြီးငါ့ရဲ့ဇနီးလောင်းလေးရဲ့စကားကိုပဲနားထောင်မှာမို့ မင်းငါ့ကိုတွယ်ကပ်မနေနဲ့"
"လာ...ကိုကိုမာန် ဘုံဘုံ တို့သွားကြမယ်"
တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ပြီး ကျောခိုင်းသွားကြတဲ့လူနှစ်ယောက်ကိုကြည့်ပြီး အဖူး ဒေါသများကိုဆက်မထိန်းချုပ်နိုင်တော့။
"အားးးးးးးး!!!"
"အားးးးးးးး!!"
"သား...သား...အဖူးရေ ဘာဖြစ်တာလဲသားလေး"
"ဟောဟဲ.... ဟောဟဲ! !"
အလန့်တကြားနှင့် အမေ့အသံကြောင့်မျက်လုံးများကိုဖွင့်ကြည့်မိတော့ စိုးရိမ်တကြီးနှင့် အမေကမေးသည်။
အိမ်မက်ကြောင့် မောဟိုက်နေ၍ရင်ဘက်တစ်စုံမှာနှိမ့်ချည်မြှင့်ချည်...။"ကျုပ်....ကျုပ်အိမ်မက်မက်နေတာ အမေ"
"သားရယ်..ညကဘုရားရှိမခိုးဘူးလား
နောက်တစ်ခါ ဘုရားဦးချပြီးအိပ်..""အခုဘယ်အချိန်ရှိပြီလဲ အမေ"
"မနက်၉နာရီ ထိုးပြီလေအေ...ထတော့ မျက်နှာသွားသစ်ချေ ပြီးရင် မနက်စာလေးဘာလေးစားဦး လူကောင်ကိုလည်းကြည့်ဦးပိုပိုပြီးသေးလာသလိုပဲ"
"အင်း "
မျက်နှာသစ်ရန် နောက်ဖေးကိုထွက်ကာ သွားတိုက်ပြီးကိုယ်လက်သန့်စင်လိုက်၏။
ခုနကမက်တဲ့ အိမ်မက်ကိုပြန်မြင်ယောင်ပြန်တော့ ဒေါသကပြန်ထွက်ပြန်သည်။
YOU ARE READING
ရိုးသားကြိုးစားကတွယ်သား(Complete)
Romanceကျုပ်ဘဝမှာအမေပြီးရင် ခင်ဗျားကိုအချစ်ဆုံး..