(Unicode )
တောင်းကြီးကြီးတစ်ခုထဲ ကောက်ရိုးများကိုဖြန့်ခင်းပြီး ဘဲဥ လေးတွေကိုအသာချထားလိုက်သည်။
ဘဲဥလေးတွေအကောင်ဖြစ်ဖို့အတွက် ဟောဒီကဖေကြီးက တာဝန်ရှိသပါ့။"သား...အဖူးရေ အိမ်ရှေ့ခဏလာပါဦး..ဒီမှာဘယ်သူရောက်နေလဲလို့"
အိမ်ကိုထူးထူးဆန်းဆန်းဘယ်သူများလာပါလိမ့် အင်းးးအမြ မဟုတ်ရင် သူကြီးပဲဖြစ်ရမယ်..။
အဖူးအိမ်ရှေ့ကို ခပ်သွက်သွက်ထွက်လာသည်။
အိမ်ရှေ့ရောက်တော့ မမြင်ချင်တဲ့မျက်နှာကိုမြင်ရတာကြောင့် အဖူးမျက်မှောင်ကုတ်မိ၏။
ခုနက ကြည်လင်နေတဲ့စိတ်ဟာ အခုတော့ယုတ်ချည်ပြောင်းလဲသွားသည်။"ခင်ဗျား.. ကျုပ်အိမ်ဘာလာလုပ်တာလဲ
ကိစ္စမရှိရင်ပြန်...ကျုပ်ခင်ဗျားကိုကြိုဆိုရအောင် အားမနေဘူး""ဟဲ့သား...ဦးစီးမှူး ကိုဘယ်လိုပြောလိုက်တာလဲ
အာနာလိုက်တာ ဦးစီးမှူး ရယ်""ရပါတယ် ဗျ...အဖူး ကိုယ်မင်းကြိုက်တဲ့ "နွယ်သာကီပန်း " တွေမြို့ကမှာလိုက်တာ ရော့ယူလိုက် "
"မလိုဘူး...ပြီးတော့ အခုကျုပ်ကအဲ့ပန်းတွေမကြိုက်ဘူး ကျုပ်ကသဇင်ပန်းပဲကြိုက်တာ"
" ယူလိုက်ပါသားရယ်...ဦးစီး ကစေတနာနဲ့ပေးတာကို"
"မလိုဘူး...ကျုပ်ကြိုက်ရင် ကျုပ်ဘာသာဝယ်မယ် ခင်ဗျားဝယ်ပေးစရာမလိုဘူး"
"ပြန်အခုပြန်...ကျုပ်အိမ်အရိပ်တောင်လာမနင်းနဲ့... အဲ့ဒါခင်ဗျားကိုကျုပ်သတိပေးတာ"
"အဖူး...ကိုယ်ပြောတာလေးကိုတော့တစ်ချက်လောက်.."
"ဟဲ့..သား!"
မာန်ဘမှူးဘို နည်းနည်းတော့ ကြက်သီးမွှေးညှင်းများထသွား၏။
အခု သူကအဖူးကိုပြန်ကြောက်ရမယ့် အနေအထားမှာရှိသည် ။
ဘာကြောင့်လဲဆိုတော့ အခုအဖူးကသူ့ကို လေးခွနှင့်ချိန်ထားသောကြောင့်ပင်။"ခင်ဗျား စောက်သံထက်ထွက်လာရင်ကျုပ်တကယ်ပြစ်မှာ..အသားမနာချင်ရင် အဲ့ပန်းအိုးကိုပြန်မပြီး ခပ်မြန်မြန်ပြန်တာကောင်းမယ်"
YOU ARE READING
ရိုးသားကြိုးစားကတွယ်သား(Complete)
Romanceကျုပ်ဘဝမှာအမေပြီးရင် ခင်ဗျားကိုအချစ်ဆုံး..