Episode -17

3.1K 214 0
                                    

(Unicode)

တစ်ပတ်ခန့်ကြာသော်...။

"မနက်အစောကြီးဘယ်သွားတာလဲ အဖူး"

"အမြတို့အိမ်သွားတာ ကျုပ်ဘဲကလေးတွေကိုစိတ်မချလို့ ခဏသွားပို့ထားတာဖြစ်နိုင်ရင် တခါထဲသယ်သွားချင်တာ"

ဒီနေ့ ဦးစီးတို့နှငိ့အတူအဖူး သစ်တောထဲအဖော်လိုက်ရမှာဖြစ်သည်။လမ်းတွေကိုမှတ်မိတာဆိုလို့ အဖူးတစ်ယောက်သာရှိသည်။
ရွာထဲက သူတွေ သူကြီးစကားကိုအကုန်နားထောင်ကြသည်။ပေဖူးလွှာတစ်ယောက်တော့ ချွင်းချက်ပင်။

"ဦစီး ရေသွားချိုးလေ ကျုပ်မနက်စာပြင်ထားပေးမယ် တူတူစားကြတာပေါ့"

"အဖူး အဲ ကျုပ်ဆိုတာကြီးကိုဖျောက်ပြီး ကျွန်တော် လို့ပဲသုံးပါလား ကိုယ်ဆရာလုပ်တာမဟုတ်ဘူးနော် ပြောပြတာပါ "

"ဟုတ်ပါပြီ ဗျာ ကြိုးစားပြီးခေါ်ပါ့မယ်ဗျာ"

"သွား..သွား ရေသွားချိုး စားပြီးသောက်ပြီးဝူကြီးအိမ်သွားရမှာမလား"

မာန်ချိုးလို့ပြီးတော့ အဖူးပြင်ပေးထားတဲ့ စားတော်ပဲပြုပ်နဲ့ထမင်းကြော်နဲ့ရောနယ်ထားတဲ့ ပန်းကန်လေးကိုဆွဲပြီးအားရပါးရစားလေသည်။
ကိုယ်သဘောကျနေတဲ့သူ အားရပါးရ စားနေတာမြင်တော့ ပေဖူးလွှာ၏မျက်နှာဝင်းဝင်းလေးမှာမှိုရသလိုပင်။

ပဲပြုပ်နိုင်းချင်းနှင့်ထမင်းကြော်လေးမှာ ဒီမနက်အတွက်အလွန်ပြီးပြည့်စုံလှ၏။

စားသောက်ပြီးလို့သူကြီးအိမ်ကိုအဖူးကလိုအပ်တဲ့အထုတ်တွေကိုသယ်သွားပြီး မာန်ကတော့အိမ်လေးကိုသော့သေချာခတ်ပြီးအနောက်ကလိုက်သွား၏။
သူကြီး တို့ဝိုင်းထဲရောက်တော့ လူတွေတောင်စုံလှပြီ။

"ကဲ အားလုံးစုံပြီဆိုတော့ သွားကြရအောင် "

သူကြီး အပါအဝင်ရွာသူရွာသားတွေကိုလက်ပြနှုတ်ဆတ်ပြီးသူတို့ခရီးဆတ်ခဲ့ကြသည်။
ရှေ့ဆုံးကတော့ သူကြီးသား ရစ်မှူးသော်နှင့်သူ့၏သောက်ဖော်သောက်ဖတ် မဲလုံးနဲ့ဖြူဖွေးတို့သွားကြ၏။
သူတို့ရဲ့အနောက်ကတော့နောင်ရိုး ၊လင်းဇီးနှင့်ကုကူးတို့ကလိုက်ပါကြလေသည်။
မာန်ဘမှူးဘို နှင့်ပေဖူးလွှာတို့ကနောက်ဆုံးကဖြစ်သည်။
ပြောရမယ်ဆို လမ်းပြတဲ့အဖူးက နောက်ဆုံးကလိုက်ပါနေခြင်းဖြစ်သည်။

ရိုးသားကြိုးစားကတွယ်သား(Complete)Where stories live. Discover now